News

POST TYPE

ALSO IN NEWS

မျက်နှာဖုံးတပ်ပြီးဘဏ်ကို ဓားပြတိုက်တဲ့ အသက် ၈၀ အရွယ် ဘိုးဘိုး
10-Jan-2018
ဆွစ်ဇာလန်က အာဏာပိုင်တွေဟာ အသက် ၈၀ အရွယ်ဘိုးဘိုးတစ်ဦးကို ဘဏ်ဓားပြမှုနဲ့ ဖမ်းထားပါတယ်။ လူဆာရန်းမြို့နားက ဘဏ်တစ်ဘဏ်ကိုဝင်ရောက် ဓားပြတိုက်ခဲ့တဲ့ အဆိုပါ အမျိုးသားကြီးဟာ တစ်ကိုယ်တော် လှုပ်ရှားခဲ့တာပါတဲ့။

ဘဏ်ဓားပြဘိုးဘိုးကြီးကလည်း သူ ကျူးလွန်ခဲ့တာကို ဝန်ခံထားပြီးဖြစ်တယ်လို့ ရဲများကဆိုပါတယ်။ ပုဂ္ဂလိက လျှို့ဝှက်ခွင့်အရ သူ့အမည်နဲ့ အခြားအသေးစိတ်တွေကို မထုတ်ပြန်တာပါလို့ ဆွစ်ဇာလန်ရဲတပ်ဖွဲ့က ဆိုထားပါတယ်။

ဘဏ်ကို ဝင်ရောက် လုယက်သွားစဉ်က ဘိုးဘိုးဟာ အနက်ရောင် မျက်နှာဖုံးကို စွပ်ထားပြီး အပြာရောင် အိတ်နဲ့ငွေများကို သယ်သွားခဲ့တာပါ။ ငွေဘယ်လောက် ပါသွားသလဲ၊ ဘာလက်နက်ကိုင်ခဲ့သလဲ ဆိုတာကို ရဲက အတိအကျ မထုတ်ပြန်သေးပါဘူး။

F-02