News

POST TYPE

ALSO IN NEWS

ခြေထောက်တစ်ချောင်းမရှိတဲ့ ဘဲလေး ခြေတုတပ်ပေး
10-Jan-2018

မွေးကတည်းက ခြေထောက်တစ်ချောင်း ဆုံးရှုံးခဲ့ရပြီးတော့ ဟိုသွား ဒီသွားမလုပ်နိုင်တဲ့ ဘဲလေးတစ်ကောင်တော့ အဆင်ပြေသွားခဲ့ပါပြီ။ လူငယ်သိပ္ပံပညာရှင်များက အဆိုပါ ဘဲလေးအတွက် ခြေထောက်ကို 3D ပုံနှိပ်စက်နဲ့ ထုတ်ခဲ့ပြီး ခြေတုအဖြစ် တပ်ပေးခဲ့တာဖြစ်ပါတယ်။ အမေရိကန်ပြည်ထောင်စု အာကန်ဆက်ပြည်နယ် အထက်တန်းကျောင်း တစ်ကျောင်းက အသက် ၁၄ နှစ်နဲ့ ၁၅ နှစ်အရွယ် ကောင်လေးနှစ်ဦးက ပြုလုပ်ပေးခဲ့တာ ဖြစ်ပါတယ်။ ပက်ဂ်လို့ အမည်ရတဲ့ အသက် ၈ လသားအရွယ် ဘဲလေးဟာ ခုဆိုရင် ဟိုသွားဒီသွား သွားနေပြီ ဖြစ်ပါတယ်။ ကျောင်းသားလေးတွေဟာ အဆိုပါ ဘဲခြေထောက်အတု ရဖို့အတွက် အကြိမ် ၃၀ လောက် ကြိုးစားခဲ့ရတယ်လို့ ဓာတ်ခွဲခန်း ညွှန်ကြားရေးမှူး အဲလစ်စီယာ ဘဲလ်က ပြောကြားခဲ့ပါတယ်။ စိတ်လှုပ်ရှားစရာလည်းဖြစ်၊ သင်ယူမှုလည်းဖြစ်တဲ့ ကူညီခြင်းတစ်ရပ်ပါလို့ ကျောင်းသားများက ပြောကြားကြပါသတဲ့။

F-02