News

POST TYPE

ALSO IN NEWS

၉ နှစ်ကလေးက ကော်စေ့သေနတ်နဲ့ ကားသူခိုးကို နှိမ်နင်း
30-Dec-2017
အမေရိကန်ပြည်ထောင်စု အင်ဒီယာနာပြည်နယ်က အသက် ၉ နှစ်အရွယ်ကလေးကတော့ ကြီးရင် ရဲရိန်းဂျားကြီးများ ဖြစ်မလားမသိဘူး။

သူ့အဖေရဲ့ ကားကိုခိုးဖို့လာတဲ့သူခိုးကို ကော်စေ့သေနတ်နဲ့ ခြောက်လွှတ်လိုက်ပုံက ချီးကျူးထိုက်စရာပါ။

ပြီးခဲ့တဲ့ခရစ္စမတ်နေ့က လာရီလာ ရီမိုးဟာ ဖခင်ဖြစ်သူကို စတိုးဆိုင်ရှေ့မှာ စောင့်နေခဲ့ပါတယ်။

ကားထဲကို ခိုးဖို့ရည်ရွယ်ချက်နဲ့ သူခိုးက ဝင်လာခဲ့ပြီး သော့တန်းလန်းကားကို မောင်းထွက်ပြေးဖို့ ကြိုးစားခဲ့ပါတယ်။

ဒါပေမဲ့ အဲဒီလောက် မလွယ်ခဲ့ပါဘူး။ ကားထဲမှာ ကလေးတစ်ယောက် ပေါ်လာပြီး သူ့ခေါင်းကို သေနတ်နဲ့ ထောက်ထား ပါတယ်။ နောက်ကလည်း ယာဉ်ပိုင်ရှင်က လိုက်လာပြီး ကားဟာ တစ်နေရာကို ဝင်တိုက်မိတာမို့ သူခိုးကို မိသွားပါသတဲ့။ 

F-02


  • VIA