POST TYPE
ALSO IN NEWS
တရုတ်က အဆောင်နေ ကျောင်းသားတွေ အိမ်သာရေ ပိုဆွဲချရင် ပိုက်ဆံ ဆောင်ရမယ်
05-Sep-2016

ယူနန်ပြည်နယ် ကူမင်း ကျန်းမာရေးဆိုင်ရာ ကောလိပ်ဟာ ရေဂါလံ ၆၅ဝ သာ ဆွဲချဖို့ ခွင့်ပြုထားတဲ့ ကဒ်တွေ ထုတ်ပေးထားပြီး ကဒ်နဲ့သုံးရတာ ဖြစ်ပါတယ်။သတ်မှတ် ပမာဏကို ကုန်သွားပြီဆိုရင်တော့ ကျောင်းသားတွေဟာ ငွေပေးပြီး ကိုယ့်ကဒ်ကိုယ် ငွေဖြည့်ရမှာ ဖြစ်ပါသတဲ့။ ဘယ်ရွေ့ ဘယ်မျှ ထပ်ပေးရမယ် ဆိုတာကိုတော့ အတိအကျ မထုတ်ပြန်သေးပါဘူး။ ယူနန်ပြည်နယ်ဟာ မိုးနည်းမှု ပြဿနာကို မကြာသေးခင် နှစ်တွေက ခံစားခဲ့ရပါတယ်။ မိုးရွာသွန်းမှု ပုံစံ မမှန်ကန် ပြောင်းလဲ သွားတာမို့ ပြဿနာတွေ ဖြစ်နေပြီး လာမယ့် နှစ် ၂ဝ အတွင်းမှာ ပိုဆိုးလာမယ်လို့ သတိ ပေးထားပါတယ်။ အိမ်သာတက်ပြီး ရေဆွဲချဖို့ လုပ်ပေးထားတဲ့ ခွင့်ပြု ပမာဏဟာ လုံလုံလောက်လောက် ရှိပါတယ်လို့ ကောလိပ်ဆရာ တစ်ဦးက ယူနန်အွန်လိုင်း သတင်းဌာနကို ပြောကြားထားပါတယ်။ ယခု စနစ်အသစ်ကြောင့် ကျောင်းသားတွေ ရေကို ချွေတာ လာကြမယ်လို့လည်း ကောလိပ် အာဏာပိုင်တွေက မျှော်လင့်ထားပါတယ်။
Ref : UPI
- SOURCES
- The Voice
-
22-Jan-2021
-
22-Jan-2021
-
22-Jan-2021
-
22-Jan-2021
-
22-Jan-2021
-
22-Jan-2021