News

POST TYPE

ALSO IN NEWS

လစာအများကြီးယူတဲ့ ကိုဆိုဗိုဝန်ကြီးချုပ်ကို ပြည်သူတွေ ဘယ်လို ဆန္ဒပြကြသလဲ
28-Dec-2017

ဒေါသထွက်နေကြတဲ့ ကိုဆိုဗိုသားတွေဟာ အစိုးရရုံးချုပ်ရှေ့မှာ လည်စည်းတွေကို လာရောက် ချိတ်ဆွဲနေကြပါတယ်။ ဝန်ကြီးချုပ်ဟာ လစာကို နှစ်ဆ ယူနေတာမို့ ပြည်သူတွေက စိတ်ဆိုးကြတာ ဖြစ်ပါတယ်။ အဝတ်အစားကအစ ဈေးကြီးတာမို့ လစာ နှစ်ဆ ယူသင့်တယ်လို့ ဝန်ကြီးချုပ်က ဆိုတာကိုး။ ဝန်ကြီးချုပ် ရာမွတ်ရှ် ဟာရာဒီနက်ဂ်ျကို ကန့်ကွက်တဲ့အနေနဲ့ အစိုးရရုံးရှေ့မှာ လည်စည်းတွေနဲ့ ရှပ်အင်္ကျီအဟောင်းတွေ လာပုံပေးထားကြတာ ဖြစ်ပါတယ်။ ဝန်ကြီးချုပ်ဟာ သူ့ရဲ့လစာကို အမေရိကန် ဒေါ်လာ ၃၅၀ဝ အထိ တိုးယူလိုက်တာကြောင့် ဖြစ်ပါသတဲ့။ ကိုဆိုဗိုသားတွေကြားမှာ သဘောထားတွေ ကွဲလွဲနေကြပြီးတော့ တိုးယူသင့် မယူသင့် အငြင်းပွားနေကြပါတယ်။ ကိုဆိုဗိုဒေသရဲ့ အလုပ် လက်မဲ့နှုန်းဟာ နိုင်ငံလူဦးရေရဲ့ ၃၀ ရာခိုင်နှုန်းရှိနေပြီး ဆင်းရဲမွဲတေမှုနှုန်းလည်း မြင့်မားပါတယ်။

F-02

  • VIA