News

POST TYPE

ALSO IN NEWS

ကိုယ်တုံးလုံးနဲ့သာ စားသောက်ရမယ့် ပါရီမြို့က စားသောက်ဆိုင်
27-Dec-2017

စားသောက်ဆိုင် သွားဖို့အတွက် ဝတ်စုံကောင်းကောင်းမရှိလို့ စိတ်ညစ်နေတယ်ဆိုရင်တော့ ပါရမြို့က စားသောက်ဆိုင်တစ်ဆိုင်က ဝတ်စုံကို မလိုပါဘူး။ အစားအသောက်က ပိုအရေးကြီးတယ်ဆိုပြီး ကိုယ်တုံးလုံးနဲ့ လာတဲ့ဖောက်သည်တွေကို တည်ခင်းဧည့်ခံ ရောင်းချပေးတဲ့ O’Naturel ဆိုတဲ့ စားသောက်ဆိုင်ဖြစ်ပါတယ်။ ကိုယ်တုံးလုံးစားသောက်ဆိုင်မှာ စည်းမျဉ်းတော့ ရှိပါတယ်။ စားသောက်ခန်းထဲမှာ ဖုန်းတို့၊ ကင်မရာတို့ မသုံးရပါဘူး။ ပြီးတော့ ကိုယ်အင်္ဂါတွေကို သွေးဆောင် ဖျားယောင်း ရည်ရွယ်ချက်နဲ့ ဖော်ပြတာတို့ လိင်ပိုင်းဆိုင်ရာ ထိပါးတာတို့ မလုပ်ရတော့ပါဘူးတဲ့။ စားပွဲထိုးတွေနဲ့ စားဖိုမှူးတွေကတော့ ဝတ်စုံပြည့် ဝတ်ထားမှာ  ဖြစ်ပါတယ်။ သဘာဝအတိုင်း စားကောင်းသောက်ဖွယ်တွေ စားသောက်ချင်တယ် ဆိုရင်တော့ ပြင်သစ်နိုင်ငံ ပါရီမြို့ကို သွားပါလို့ တိုက်တွန်းပါရစေ။ အဝတ်ဖိုး မကုန်ပါဘူး။

F-02

  • VIA