News

POST TYPE

ALSO IN NEWS

သုံးနှစ်ကြာပျောက်နေတဲ့ ကြောင်ကလေးကို ခရစ္စမတ်မှာ ပြန်တွေ့
26-Dec-2017

ခရစ္စမတ်ကာလမှာ မထင်မှတ်တဲ့လက်ဆောင်ကို မိသားစုတစ်စုက ရရှိခဲ့ပါတယ်။ သုံးနှစ်ကြာ ပျောက်နေတဲ့ ကြောင်နဲ့ ပြန်လည်ဆုံဆည်းခွင့်ရရှိတာ  ဖြစ်ပါသတဲ့။ ရာဂျာလို့အမည်ရတဲ့ အဆိုပါ အသက် ၆ နှစ်အရွယ် ကြောင်ဟာ လွန်ခဲ့တဲ့သုံးနှစ်က ဖလော်ရီဒါပြည်နယ် ရှောင်ဒေသ နေအိမ်ကနေ ပျောက်သွားတာဖြစ်ပါတယ်။ ပိုင်ရှင်တွေဟာ ရာဂျာကို ရှာကြပေမယ့် မတွေ့ရတာမို့ သူတို့ ကြောင်လေး အခိုးခံလိုက်ရပြီလို့ ယူဆနေကြပါတယ်။ ဒါပေမဲ့ အဆိုပါကြောင်လေးကို ဒယ်လာဝဲပြည်နယ် ဂျော့တောင်းမြို့က တိရစ္ဆာန်ဂေဟာတစ်ခုမှာ တွေ့ရှိရပါသတဲ့။လေလွင့်ကြောင်ဖြစ်နေတဲ့ ရာဂျာကို လူတစ်ဦးက ယူလာပြီး ဂေဟာကို လာရောက် အပ်နှံသွားတာဖြစ်ပါတယ်။ ရာဂျာရဲ့ ခန္ဓာကိုယ်မှာ တပ်ထားတဲ့ မိုက်ခရိုချစ်ပြားကို စစ်ဆေးကြည့်ရာက ပိုင်ရှင်ကိုသိသွားပြီး ဂေဟာက ပြန်အပ်ပေးတာဖြစ်ပါတယ်။

F-02