News

POST TYPE

ALSO IN NEWS

လက်ဆောင်ပေးဖို့ ဆေးခြောက်ပေါင်ချိန် ၆၀ ဆောင်ထားတဲ့ ဆန်တာကလော့စ်ဘိုးဘိုး အဖမ်းခံရ
25-Dec-2017


ခရစ္စမတ်ကာလမှာ မိတ်ဆွေ သူငယ်ချင်းတွေကို လက်ဆောင်တွေ ပေးတတ်ကြပါတယ်။ အသက် ၈၀ အရွယ် အမေရိကန်က ဘိုးဘိုးကတော့ သူ့ထံမှာ ဖမ်းဆီးရမိတဲ့ ဆေးခြောက်ပေါင်ချိန် ၆၀ လောက်ကို လက်ဆောင်တွေလို့ ဆိုပါသတဲ့။ အမေရိကန် ပြည်ထောင်စု နီဘာရာစကာ ပြည်နယ်မှာ ရဲကကားကို စစ်ဆေးရာမှာကားထဲက ဆေးခြောက်ပေါင်ချိန် ၆၀ လောက်မိခဲ့ပါတယ်။ အသက် ၈၀ အရွယ်ဘိုးဘိုးနဲ့ အသက် ၇၀ အရွယ် ဘွာဘွားစုံတွဲတို့က ဆေးခြောက်တွေကို တရားမဝင် သယ်လာတာ ဖြစ်ပါတယ်။ တိုယိုတာကားတစ်စီးက ယာဉ်စည်းကမ်းကို မလိုက်နာတာမို့ ရဲကစစ်ရင်း ကားပေါ်က အနံ့တွေရတာမို့ စစ်ဆေးကြည့်ရာမှာ ဆေးခြောက်တွေကို တွေ့ရတာပါလို့ ရဲက ထုတ်ပြန်ထားပါတယ်။ အနံ့ခံခွေးကလည်း မူးယစ်ဆေးဝါးတွေပါကြောင်း အချက်ပြနေတာမို့ ရဲတွေက ကားကို ရှာဖွေခဲ့ခြင်း ဖြစ်ပါတယ်။ ဆေးခြောက်တွေဟာ ကာလတန်ဖိုး ဒေါ်လာ သုံးသိန်းသုံးသောင်းကျော်ဖိုးလောက်ရှိပြီး လက်ဆောင်ပေးဖို့ ယူလာတဲ့ ဆေးခြောက်တွေပါလို့ ပြောပါတယ်။

F-02

  • VIA