News

POST TYPE

ALSO IN NEWS

ရေအောက်မှာ မင်္ဂလာဆောင်တဲ့ စုံတွဲ
23-Dec-2017

ရွှေလက်မြဲမြဲတွဲ လက်ထပ်ကြတော့မယ့် မင်္ဂလာအခမ်းအနားပွဲကို ထူးထူးခြားခြားဖြစ်အောင် ဆင်ယင်နွှဲကြတာပါပဲ။

ဗြိတိန်စစ်တပ်က တပ်ကြပ်ကြီး တစ်ဦးနဲ့ ဒိုင်ဗင်နည်းပြတစ်ဦးတို့ရဲ့ အချစ်ဇာတ်လမ်း မင်္ဂလာပွဲကတော့ ရေအောက်ထဲမှာ ဆင်ယင်နွှဲခဲ့ကြပါတယ်။
ဖလော်ရီဒါဒေသ အဏ္ဏဝါသားရိုင်း ကာကွယ်စခန်းကြိုးဝိုင်းမှာ အဆိုပါ မင်္ဂလာပွဲကျင်းပခဲ့တာ ဖြစ်ပါတယ်။

လေးနှစ်တာ ချစ်သူသက်တမ်းကို ကျော်ဖြတ်ခဲ့တဲ့ ချစ်သူနှစ်ဦးဟာ ရေအောက်ထဲမှာ ကျမ်းသစ္စာတိုင်ခဲ့ကြပြီး ဘုန်းတော်ကြီးရှေ့မှာ ကတိပြုခဲ့ပါတယ်။

မင်္ဂလာပွဲဟာ ထူးခြားခဲ့သလို အကုန်အကျလည်း သက်သာခဲ့တယ်လို့  အိမ်ထောင်သည် အသစ်စက်စက်တွေက ပြောကြားကြပါတယ်။

ဗြိတိန်သားနဲ့ အမေရိကန်သူတို့ ဖူးစာရွာလည်ခြင်းဟာ ဖလော်ရီဒါ ဟန်းနီးမွန်းနဲ့စဖွင့်ပြီး ဗြိတိန်မှာ သွားနေကြမှာဖြစ်ပါသတဲ့။

F-02


  • VIA