News

POST TYPE

ALSO IN NEWS

ဖလော်ရီဒါမှာ ဒေါ်နယ်ထရမ့်ပုံတူ စက်ရုပ်ကို Disney ပြသ
21-Dec-2017


ကလေးတို့အချစ်တော် ဒစ္စနေပန်းခြံထဲမှာ ခုတစ်ခါတော့ နောက်ထပ်စက်ရုပ်ကြီးတစ်ရုပ် တိုးလာခဲ့ပါပြီ။ ဒေါ်နယ်ထရမ့်ပုံတူ စက်ရုပ်ပဲ ဖြစ်ပါတယ်။ တော်တော်တူတဲ့ အဆိုပါ စက်ရုပ်ကြီးဟာ သမိုင်းဝင်ပုဂ္ဂိုလ်များ ပြသထားရာ နေရာမှာ ခပ်တည်တည်နဲ့ နေရာယူနေပြီဖြစ်ပါတယ်။ အမေရိကန် ခေါင်းဆောင်များ အမ်နီမက်ထရောနစ်ပုံစံ အရုပ်များနေရာမှာ ဒေါ်နယ်ထရမ့်ကြီးလည်း ပါလာပါပြီ။ ဒစ္စနေအပန်းဖြေဥယျာဉ်က သမ္မတကြီးများ ပဉ္စလက်နိုင်ငံတော်ပြခန်းမှာ ခံ့ခံ့ကြီးရှိနေပြီဖြစ်ပါတယ်။ ခရီးသွား ဧည့်သည်တွေကို အမေရိကရဲ့ သမိုင်းကြောင်းအကြောင်း ရှင်းပြတဲ့ ၂၅ မိနစ်ကြာ ရှိုးပွဲမှာ ဒေါ်နယ်ထရမ့်စက်ရုပ်လည်း ပါဝင်သွားခဲ့ပါတယ်။ အိမ်ဖြူတော် စတင် တည်ထောင်ခါစကနေ ယနေ့ အချိန်အထိ အတိုချုံး ရှင်းပြသွားတာ ဖြစ်ပါတယ်။ထရမ့်ပြောခဲ့တာတွေထဲက ခပ်ကြမ်းကြမ်း မဟုတ်တာ၊ သူတစ်ပါးကို ပုတ်ခတ်ထားတာ မပါတဲ့ အမေရိက အမွှမ်းတင် သီးသန့် စကားတွေကို ရွေးချယ်ပြီး စက်ရုပ်ကို ပြောစေတာဖြစ်ပါသတဲ့။

F-02

  • VIA