News

POST TYPE

ALSO IN NEWS

ခိုငှက်များ မနားစေဖို့ သစ်ပင်ပေါ်မှာ ဆူးအတုတွေတပ်
21-Dec-2017

တန်ဘိုးကြီးကားတွေ ရပ်ထားတဲ့ သစ်ပင်ပေါ်မှာ ခိုငှက်တွေ နားနေတယ်ဆိုရင် အောက်က ကားပေါ်ကို မစင်နဲ့ အညစ်အကြေးတွေ စွန့်ချတတ်ပါတယ်။ ဗြိတိန်နိုင်ငံ ဘရစ္စတိုးစီးတီးက သစ်ပင်အချို့အပေါ်မှာ ခိုတွေ လာမနားအောင်လို့ ဆူးချွန်တွေပြုလုပ်ကာ ထောင်ထားတဲ့ကိစ္စ စကားတွေများနေကြပါတယ်။ သဘာဝပတ်ဝန်းကျင် သမားတွေက အဲဒီဆူးချွန်တွေတပ်ခဲ့တဲ့ ဒေသခံတွေကို ပြစ်တင်ပြောဆိုနေကြ ပါတယ်။ ဘရစ္စတိုးမြို့ လူချမ်းသာရပ်ကွက်ထဲက သစ်ပင်၂ ပင်ပေါ်မှာ ခိုတွေ လာမနား အောင်လို့ ခုလိုမျိုး တပ်ဆင်ထားတာနဲ့ပတ်သက်ပြီး ဂေဟစနစ်ကို အနှောင့်အယှက် ပေးတယ်ဆိုပြီး သဘာဝပတ်ဝန်းကျင်သမားတွေက ပြောဆိုနေကြတာဖြစ်ပါတယ်။ ဘီအမ်ဒဗလျူ၊ အော်ဒီစ် စတဲ့ ဈေးကြီးတဲ့ကားတွေပေါ်ကနေ ငှက်ချေးတွေ ပါမချအောင် ကာကွယ်ထားတာပါလို့ ဒေသခံတွေက ပြောကြားကြပါတယ်။ ကြောက်စရာ ကောင်းလှတဲ့ အဆိုပါအချွန်အတက်တွေကြောင့် ငှက်တွေ နေစရာကင်းမဲ့လာစေပါတယ်လို့ ဒေသခံ သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ကောင်စီဝင်တစ်ဦးကလည်း ပြောကြားပါတယ်။

F-02


  • VIA