News

POST TYPE

ALSO IN NEWS

၁၂ နှစ်ကြာ ပျောက်ဆုံးနေတဲ့ အမေရိကန် ကျောင်းသား မြောက်ကိုရီးယားမှာ အင်္ဂလိပ်စာ သင်ဖို့ ပြန်ပေးဆွဲတာလို့ ယူဆ
04-Sep-2016
တရုတ်ပြည်သူ့ သမ္မတနိုင်ငံကို ၂ဝဝ၄ ခုနှစ်က သွားရောက်ရင်း ပျောက်သွားတဲ့ အမေရိကန် ကျောင်းသားဟာ သက်ရှိထင်ရှား ရှိနေဆဲဖြစ်တယ်လို့ ဂျပန်သတင်း ဌာနတစ်ခုက ရေးသားခဲ့ပါတယ်။ မြောက်ကိုရီးယား အစိုးရဟာ အဲဒီကျောင်းသားကို ပြန်ပေးဆွဲသွားပြီး အင်္ဂလိပ်စာ သင်ခိုင်းထားတာ ဖြစ်နိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ 

ပျောက်ဆုံးချိန်က အသက် ၂၄ နှစ်အရွယ် အမေရိကန်ကျောင်းသား ဒေးဗစ် စနက်ဒွန်ဟာ တရုတ်နိုင်ငံ အနောက်ပိုင်း ယူနန်ပြည်နယ်မှာ ပျောက်သွားတာပါ။ ၂ဝဝ၄ ခုနှစ်က တရုတ်မှာ ခရီးကြမ်းခရီးစဉ် သွားနေရင်း လမ်းမှာ ပျောက်သွားပြီး သေဆုံးသွားပြီလို့ ရဲက ခန့်မှန်းခဲ့ပါတယ်။ ဒါပေမဲ့ အလောင်းကိုတော့ ပြန်မရခဲ့ပါဘူး။

ဗုဒ္ဓဟူးနေ့ကထုတ်ဝေခဲ့တဲ့ ဂျပန်သတင်း Yahoo News Japan က သူ့ကို မြောက်ကိုရီးယားမှာ တွေ့မိကြောင်း ရေးသားထားပါတယ်။ သူဟာ အင်္ဂလိပ်စာဆရာ တစ်ဦးအဖြစ် အလုပ်လုပ်နေပြီး ဇနီးသည်နဲ့ ကလေးနှစ်ဦးလည်း ရနေပြီလို့ ယူဆရကြောင်း ဖော်ပြထားပါတယ်။ 

မစ္စတာ စနက်ဒွန်ရဲ့ မိဘတွေဟာ သူမြစ်ထဲ ကျပြီး သေဆုံးသွားပြီ ဆိုတာကို လုံးဝ မယုံကြည်ခဲ့ဘဲ သူတို့သားရဲ့ ကိုရီးယား ဘာသာစကား ကျွမ်းကျင်မှုကြောင့် အင်္ဂလိပ်စာသင်ဖို့ ဖမ်းသွားတာလို့ ယခုအထိ လက်ခံထားဆဲ ဖြစ်ပါတယ်။

Ref : UPI


  • VIA