News

POST TYPE

ALSO IN NEWS

သမင်ဆွဲတဲ့ ဂျစ်ကားကြီးနဲ့ ဆန်တာကလော့စ် လာပြီ
20-Dec-2017

သမင်ကြီးတွေဆွဲတဲ့ လှည်းစွပ်ဖားနဲ့ ကလေးတွေဆီကို ဆန်တာကလော့စ် လာမယ်လို့ အများက ခရစ္စမတ်ဆိုရိုးလေးတွေ ရှိပါတယ်။ အင်ဒီယာနာပြည်နယ် အဝေးပြေးလမ်းပေါ်မှာတော့ ဆန်တာကလော့စ်ကြီး သွားလာနေပါတယ်။ ဆန်တာကလော့စ်ဟာ လှည်းကြီးနဲ့တော့ မဟုတ်ပါဘူး၊ ဂျစ်ကားနဲ့ပါ။ ဂျစ်ကားရှေ့မှာ အရုပ်သမင်တစ်ကောင်က ဂျစ်ကားကို ဆွဲနေတဲ့ပုံစံ သရုပ်ဖော်ထားတာမို့ ရယ်ရွှင်ကြည်နူးဖွယ် ဖြစ်နေပါတယ်။

ဆန်တာကလော့စ်ဝတ်စုံနဲ့ အမျိုးသားက အဆိုပါသမင်ကတဲ့ ဂျစ်ကားနဲ့ ခရီးသွားနေတာကို ဗီဒီယိုရိုက်ကူးပြီး လူမှုကွန်ရက် မီဒီယာပေါ် ပြန်တင်ထားတာ ဖြစ်ပါတယ်။ တံခါးရော၊ ပြတင်းရော၊ လေကာမှန်ပါ မပါတဲ့ Wrangler ဂျစ်ကားဟာ ဆန်တာကလော့စ်ရဲ့ လှည်းအတိုင်းပဲ ဖြစ်နေပါတယ်။ ဆန်တာကလော့စ်ဟာ ခရစ္စမတ်ရာသီမှာ ကလေးတွေအတွက် လက်ဆောင်တွေ ယူလာတတ်တယ်လို့ ကလေးတွေက ယုံကြည် မျှော်လင့်နေတတ်ကြပါတယ်။

F-02

  • VIA