News

POST TYPE

ALSO IN NEWS

ပီဇာပေါ် မီးထွန်းကျင်းပတဲ့ ပုပ်ရဟန်းမင်းကြီး ၈၁ နှစ်ပြည့်မွေးနေ့
20-Dec-2017

မွေးနေ့မှာ ကိတ်မုန့်ပေါ် ဖယောင်းတိုင်ထွန်းပြီး ဆင်ယင်ကျင်းပကြပါတယ်။ ဒါပေမဲ့ ကိတ်မုန့်ပဲဖြစ်ရမယ်လို့ ဘယ်သူပြောလဲနော်။ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ကတော့ သူ့ရဲ့သက်တော် ၈၁ နှစ်ပြည့်မွေးနေ့မှာ ၁၃ ပေလောက်ရှည်တဲ့ ပီဇာမုန့်ပေါ်မှာ ဖယောင်းတိုင်လေး ထွန်းပြီးတော့ ဆင်ယင်ကျင်းပခဲ့ပါတယ်။ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ၈၁ နှစ်ပြည့်သွားတဲ့ ပုပ်ရဟန်းမင်းကြီးဟာ အလွန်ရှည်လျားတဲ့ ပီဇာမုန့်ပေါ်မှာ တစ်တိုင်တည်းသော ဖယောင်းတိုင်ကို ထွန်းပြီးတော့ ကလေးတွေနဲ့ ဆင်ယင်ကျင်းပခဲ့ပါတယ်။ ဗာတီကန် ကလေးအထူးကု ဆေးခန်းဖြစ်တဲ့ ဒစ္စပန်ဆာရီယို ဆန်တာမာတာက ကြည့်ရှုပေးနေတဲ့ ကလေးငယ်တွေနဲ့အတူ မွေးနေ့ကို ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ ပီဇာကိုကုန်အောင်စားဖို့နဲ့ ဒါမှ ထွားကျိုင်းသန်မာမယ်လို့ ကလေးတွေကို ပုပ်ရဟန်းမင်းကြီးက ပြောကြားခဲ့တယ်လို့ AP သတင်းက ရေးသားထားပါတယ်။ ကက်သလစ် ခရစ်ယာန်များရဲ့ ထိပ်ခေါင်ဖြစ်တဲ့ သာသနာပိုင်ဆရာတော် အဆက်ဆက်အနက် လက်ရှိ ပုပ်ရဟန်းမင်းကြီးဟာ ပြည်သူနဲ့ နီးစပ်တာမို့ ဘာသာခြားတွေကတောင် နှစ်လိုကြည်ညိုကြပါတယ်။

F-02


  • VIA