News

POST TYPE

ALSO IN NEWS

ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းကို အလည်သွားမယ်ဆိုရင် လက်လွတ်မခံသင့်တဲ့ ပျော်ရွှင်စရာ ရိုးရာပွဲတော် (၅) ခု
19-Dec-2017


တစ်နှစ်တာပင်ပန်းခဲ့သမျှကို ခရီးထွက်ပြီး အပန်းဖြေကြတဲ့ ခရီးသွားရာသီအချိန်မှာ အတွေ့အကြုံသစ်တွေရဖို့ ပြည်ပခရီးစဉ်သွားဖို့ စဉ်းစားနေတယ်ဆိုရင် ကုန်ကျစရိတ်သက်သာပြီး လေ့လာစရာ ယဉ်ကျေးမှု အမွေအနှစ်တွေ အများကြီးရှိနေတဲ့ ဗီယက်နမ်ရဲ့မြို့တော် ဟနွိုင်းကို ဦးစားပေးစဉ်းစားဖို့ အကြံပေးချင်ပါတယ်။

ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ် စေတီပုထိုးတွေ၊ ဘာသာရေး အဆောက်အဦတွေ အများကြီးရှိနေတဲ့ ဗီယက်နမ် နိုင်ငံဟာ မြန်မာလူမျိုးတွေအနေနဲ့ သွားရောက်လည်ပတ်သင့်တဲ့အိမ်နီးချင်းနိုင်ငံတစ်နိုင်ငံပါပဲ။  ဗီယက်နမ်မှာမှ မြို့တော်ဟနွိုင်းမှာဆိုရင် သမိုင်းဝင်တန်ခိုးကြီး Huong ဘုရား(Perfume Pagoda) ၊ နာမည်ကျော် ဟနွိုင်းအော်ပရာရုံ၊ ဟိုချီမင်းပြတိုက်၊ One Pillar Pagoda တို့လို လေ့လာစရာသမိုင်းဝင်အဆောက်အဦတွေ၊ သာယာတဲ့ရှုခင်းတွေ ရှိနေတာကြောင့် အပန်းဖြေရင်း ဒေသန္တရဗဟုသုတတွေပါတိုးပွားနိုင်ဦးမှာ ဖြစ်ပါတယ်။ ကုန်ကျစရိတ်အရ ဆိုရင်လည်း လေယာဉ်လက်မှတ်ခကစလို့ နေထိုင်စားသောက်စရိတ်အထိ အခြားပြည်ပနိုင်ငံတွေကိုသွားရောက်လည်ပတ် ရတာထက် သက်သာမှာအမှန်ပါပဲ။ ဒီလိုအချက်တွေကြောင့် ဗီယက်နမ်နိုင်ငံရဲ့ မြို့တော် ဟနွိုင်းကိုသွားရောက်လည်ပတ် မယ်ဆိုရင် ပျော်ရွှင်စရာ ရိုးရာပွဲတော်တွေကလည်း အသင့်စောင့်ကြိုနေဦးမှာပါ။ အဲဒီရိုးရာပွဲတော်တွေထဲကမှ လက်လွတ်မခံသင့်တဲ့ ပွဲတော် ၅ ခုကို ဖော်ပြပေးချင်ပါတယ်။

၁။ ဗီယက်နမ် နှစ်သစ်ကူးပွဲတော်

ဒေသအခေါ် Tet လို့ခေါ်တဲ့ ဗီယက်နမ်နှစ်သစ်ကူးပွဲတော်ဟာ ဗီယက်နမ်နိုင်ငံရဲ့ အရေးပါဆုံးနဲ့အစည်ကားဆုံးပွဲတော်ကြီး တစ်ခုပါပဲ။ ဗီယက်နမ်ပြက္ခဒိန်အရ နွေဦးကျရောက်တဲ့အချိန်မှာကျင်းပလေ့ရှိပြီး များသောအားဖြင့် ဇန်နဝါရီ နဲ့  ဖေဖော်ဝါရီလထဲမှာ ကျင်းပလေ့ရှိကာ ၂၀၁၈ ခုနှစ်အတွက်ဆိုရင်တော့ ဖေဖော်ဝါရီလ ၁၆ ရက်နေ့မှာကျရောက်မှာပဲ ဖြစ်ပါတယ်။ နှစ်သစ်ကူးပွဲတော်ဟာ ဗီယက်နမ်ရဲ့ရုံးပိတ်ရက်အရှည်ကြာဆုံးရတဲ့ပွဲတော်ဖြစ်ပြီး ပုံမှန်အားဖြင့် ၇ ရက်ခန့် ကြာတတ်ကာ ဒီအချိန်ကာလမှာ တစ်နိုင်ငံလုံးမှာရှိတဲ့ မိသားစုဝင်တွေအားလုံး ပြန်လည်ဆုံစည်းလေ့ရှိတဲ့ ပျော်စရာပွဲတော် တစ်ခုပါပဲ။ ဘာသာရေးအခြေခံပွဲတော်ဖြစ်တာနဲ့အညီ ဘုရားတွေ ဘာသာရေးဆိုင်ရာအထိမ်းအမှတ်နေရာတွေမှာ စည်ကားပြီး မီးရှုးမီးပန်းတွေ ပစ်ဖောက်လေ့ရှိတာကြောင့် ကြည်နူးစရာလှပတဲ့မြင်ကွင်းတွေနဲ့အတွေ့အကြုံတွေကိုလည်း ခံစားရမှာပဲ ဖြစ်ပါတယ်။ မြို့တော်ဟနွိုင်းမှာတော့ ပိုလို့တောင် ပျော်စရာကောင်းလှပပြီး Hoan Kiem ကန်၊ ရေပေါ်ရုပ်သေးကဇာတ်ရုံ တို့လိုနေရာတွေက ခရီးသွားတိုင်း မဖြစ်မနေ သွားရောက် လည်ပတ်ကြရတဲ့နေရာတွေပါပဲ။

၂။ Huong ဘုရားပွဲ 

ဟနွိုင်းမြို့အနားမှာရှိပြီး သက်တမ်းရှည်ကြာလှပြီဖြစ်တဲ့ Huong ဘုရား (Perfume Pagoda) ပွဲတော်ကို နှစ်စဉ် ဇန်နဝါရီ၊ ကနေ မတ်လအထိ ၃ လကြာကျင်းပပြီး ဗီယက်နမ် တစ်နိုင်ငံလုံးနီးပါးက လာရောက်လည်ပတ်ကြတဲ့ စည်ကားလှတဲ့ပွဲတော် ကြီးဖြစ်ပါတယ်။ စေတီပုထိုး အမြောက်အများတည်ထားတဲ့ Huong ဘုရားဟာဆိုရင် သက်တမ်းရင့် ရှေးဟောင်း စေတီပုထိုးတွေ အမြောက်အများရှိတာကြောင့် မဖြစ်မနေ သွားရောက်လည်ပတ်သင့်တဲ့ ပွဲတော်တစ်ခုပဲ ဖြစ်ပါတယ်။

(၃) ကဆုန်လပြည့်ဗုဒ္ဓနေ့ 

မြန်မာနိုင်ငံမှာလိုပဲ ဗုဒ္ဓဘုရားရှင် ဖွားမြင်တော်မူတဲ့ ကဆုန်လပြည့်အခါတော်နေ့ကို ဗီယက်နမ်မှာလည်း တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ စည်စည်ကားကား ကျင်းပလေ့ရှိပါတယ်။ စေတီ၊ပုထိုးတွေ၊ ကျောင်းတော်တွေမှာ အလှူအတန်းတွေ၊ ပူဇော်ဆုတောင်းပွဲတွေကို ခမ်းခမ်းနားနား ကျင်းပလေ့ရှိတာကြောင့် လက်လွှတ်မခံသင့်တဲ့ပွဲတစ်ပွဲပါပဲ။ ၂၀၁၈ ခုနှစ်မှာ ဆိုရင်တော့ အင်္ဂလိပ်ပြက္ခဒိန်အရ ကဆုန်လပြည့်နေ့ဟာ မေလ ၂၁ ရက်နေ့မှာကျရောက်မှာပဲ ဖြစ်ပါတယ်။

(၄) ကောက်ရိတ်ပွဲတော်

စက်တင်ဘာ လကုန်ပိုင်းနဲ့ အောက်တိုဘာ လဆန်းအတွင်းမှာ ကျရောက်လေ့ရှိတဲ့ ကောက်ရိတ်ပွဲတော်ဟာလည်း ဗီယက်နမ်ကို သွားရောက် လည်ပတ်မယ်ဆိုရင် ဝင်ရောက်ဆင်နွှဲသင့်တဲ့ ပွဲတော်တစ်ခုပါပဲ။ မီးပုံးတွေ၊ ပွဲဈေးတန်းတွေနဲ့ ခြင်္သေ့အကတွေနဲ့ ကြည်နူးစရာမြင်ကွင်းတွေကို ရှုမြင်ခံစားရမယ့် ပွဲတော်တစ်ခုပါပဲ။

(၅) ထရမ်ငုယင်ပွဲတော်

စက်တင်ဘာ လဆန်းပိုင်းလောက်မှာ ကျရောက်လေ့ရှိတဲ့ ထရမ်ငုယင် ပွဲတော်ကတော့ ရိုးရာယုံကြည်မှုဆိုင်ရာပွဲတော် တစ်ခုဖြစ်ပြီး ဗီယက်နမ်နိုင်ငံတဝှမ်း ပြုလုပ်တဲ့ပွဲတော်တစ်ခုပါပဲ။ ဒီအချိန်ကာလမှ သူတို့ ဘိုးဘေးတွေရဲ့ ဝိဥာဏ်ဟာ သူတို့ရဲ့အိမ်တွေကို အလည်အပတ်လာရောက်လေ့ရှိတယ်လို့ ဒေသခံတွေကယုံကြည်ကြပြီး ဆုတောင်းပွဲတွေ၊ ပူဇော်ပသမှုတွေ ပြုလုပ်လေ့ရှိပြီး စိတ်ဝင်စားစရာပွဲတော်တစ်ခုပဲဖြစ်ပါတယ်။

ဒီလိုပျော်စရာ ပွဲတော်တွေနဲ့ သာယာလှပတဲ့ ရှု့ခင်းတွေကို မြင်တွေ့ခံစားဖို့ ဗီယက်နမ်ကို သွားရောက်လည်ပတ်မယ်ဆိုရင် မြန်မာနိုင်ငံသားတွေအနေနဲ့ အခုဗီဇာတောင်လျှောက်ဖို့မလိုတော့ပါဘူး။ လေယာဉ်ခရီးစဉ်ကလည်း ၂ နာရီသာ ကြာမြင့်မှာဖြစ်ပြီး Vietjet လေကြောင်းလိုင်းရဲ့ ရန်ကုန် - ဟနွိုင်းခရီးစဉ်က နေ့တိုင်းရှိနေတာကြောင့် ကိုယ်အဆင်ပြေတဲ့ ရက်ကိုရွေးချယ်ပြီးသွားရုံပါပဲ။ ဒါ့အပြင် Vietjet လေကြောင်းလိုင်းက ပရိုမိုးရှင်းတွေလည်း မကြာခဏ ပေးနေတာကြောင့် စရိတ်နည်းနည်းနဲ့ ပြည်ပခရီးစဉ် အလည်အပတ် သွားချင်သူတွေအတွက် ဗီယက်နမ်၊ ဟနွိုင်းခရီးစဉ်က ဦးစားပေး နေရာက ရွေးချယ်သင့်တဲ့ ခရီးစဉ်တစ်ခုပဲဖြစ်ပါတယ်။ 

  • VIA