News

POST TYPE

ALSO IN NEWS

ဖောက်ထွင်းတဲ့သူခိုး မီးခိုးခေါင်းတိုင်ထဲမှာ ညပ်နေသတဲ့
18-Dec-2017

မြောက်ကယ်ရိုလိုင်းနား ပြည်နယ်သားတစ်ဦးဟာ စီးပွားရေးလုပ်ငန်းတစ်ခုကို ဖောက်ထွင်းခိုးယူဖို့ အားထုတ်နေရင်း မီးခိုးခေါင်းတိုင်ထဲမှာ ညပ်နေခဲ့ပါသတဲ့။ အသက် ၃၂ နှစ်အရွယ် ဂျက်ဆီဘာရူဘီကို ကယ်တင်နိုင်ခဲ့ပေမယ့် ဖောက်ထွင်းမှုနဲ့တော့ အရေးယူထားပါသတဲ့။ ခေါင်မိုး မီးခိုးခေါင်းတိုင်ထဲကနေ လျှောဆင်းဖို့ ကြံစည်ခဲ့ပေမယ့် တကယ်တမ်း အထဲမရောက်ဘဲ တန်းလန်းကြီး ညပ်နေတာ ဖြစ်ပါတယ်။ ခေါင်းတိုင်ထဲမှာ ညပ်နေတဲ့သူခိုးဟာ လက်ကိုင်ဖုန်းကိုတော့ လှမ်းယူနိုင်ပြီးတော့ ၉၁၁ ကို ဖုန်းဆက်ပြီး အကူအညီ တောင်းခဲ့တာဖြစ်ပါတယ်။မီးသတ်တပ်ဖွဲ့ဟာ ကိရိယာတန်ဆာပလာတွေကို သုံးပြီးတော့ အဆိုပါ အမျိုးသားကို ကယ်ဆယ်ခဲ့ရပါတယ်။ ရဲတွေကတော့ သူ့ကို ရာဇဝတ်သားဆန်တာကလော့စ်လို့ ခေါ်နေကြပါတယ်။ ဆန်တာကလော့စ်ဟာ အိမ်ခေါင်မိုး မီးခိုးခေါင်တိုင်တွေထဲကနေ ဆင်းသက်လာတတ်တယ်လို့ အယူရှိပါတယ်။

F-02

  • VIA