News

POST TYPE

ALSO IN NEWS

တူတူပုန်းတဲ့ကလေး မီးခံသေတ္တာထဲသုံးနာရီကြာ ပိတ်မိ
17-Dec-2017

ဘိုးအေရဲ့ အိမ်ကိုလာလည်ပြီး တူတူပုန်းတမ်း ကစားတဲ့ အသက် ၉ နှစ်အရွယ် ကလေးတစ်ဦးဟာ မီးခံသေတ္တာထဲ ဝင်ပုန်းရင်း တံခါးလော့ခ်ကျ ပိတ်မိသွားတာမို့  မီးသတ်သမားတွေက အရေးပေါ် ကယ်တင်ခဲ့ရပါတယ်။ အသက် ၉ နှစ်သာ ရှိသေးတဲ့ ကောင်လေးဟာ ဂျာမနီနိုင်ငံ ဘာလင်မြို့တော်နားက အဘိုးအိမ်မှာ လာရောက်လည်ပတ်ရင်း အဆိုပါ မတော်တဆမှုဖြစ်ခဲ့တာပါ။ ကောင်လေးဟာ ညီဖြစ်တဲ့သူနဲ့ တူတူပုန်းတမ်း ကစားရင်း တကယ်ပုန်းလို့ ကောင်းတဲ့နေရာကို တွေ့ရှိခဲ့တာပါ။ ဒါပေမဲ့ တံခါးဟာ ရုတ်တရက် ပိတ်သွားပြီး ကောင်လေးက အထဲမှာ ပိတ်မိသွားခဲ့တာ ဖြစ်ပါတယ်။ မီးခံသေတ္တာရဲ့ တံခါးဖွင့်တဲ့ လျှို့ဝှက်နံပါတ်ကိုသိတဲ့ ဘိုးအေကြီးဟာ ဆက်သွယ်လို့ မရတဲ့နေရာကို ရောက်နေတာမို့ ကလေးမိဘတွေဟာ မီးသတ်တပ်ဖွဲ့ကို လှမ်းခေါ်ရတော့တာပေါ့။ မီးသတ်သမားတွေဟာ မီးခံသေတ္တာထဲကို အောက်ဆီဂျင်ပိုက် ဖောက်ထည့်ပြီး ကလေးအသက်ရှူကျပ်ပြီး မသေအောင် ကူညီခဲ့ရပါတယ်။ နောက်ထပ် ၃ နာရီလောက် ကြာအောင် မီးခံသေတ္တာထဲကို အောက်ဆီဂျင် ထည့်ပေးရပြီး နောက်ဆုံးမှ လျှို့ဝှက်နံပါတ်ရပြီး တံခါးကို ဖွင့်နိုင်သွားတာဖြစ်ပါသတဲ့။

F-02


  • VIA