News

POST TYPE

ALSO IN NEWS

ပိုလန် အမျိုးသားဥယျာဉ်မှာ နှင်းလေပွေ တိုက်ခတ်
15-Dec-2017

မီးလေပွေနဲ့ လေဆင်နှာမောင်းပေါင်းစုံ တိုက်ခတ်ခဲ့ဖူးသလို နှင်းထူထပ်ရာ နေရာမှာ တိုက်ခတ်တော့ ရေခဲလေဆင်နှာမောင်း ဖြစ်ရပြီပေါ့။ ပိုလန်နိုင်ငံ တာတရာ အမျိုးသားဥယျာဉ်ထဲမှာ မိုက်ကယ်ဘီးလက်စ်ဆိုသူက လမ်းလျှောက်နေရင်းနဲ့ အဆိုပါမြင်ကွင်းကိုတွေ့ခဲ့ရပြီး ဗီဒီယိုမှတ်တမ်း ယူခဲ့တာ ဖြစ်ပါတယ်။ အဆိုပါ ဗီဒီယိုကို Facebook ပေါ်ကိုတင်ခဲ့တာ ကြည့်ရှုသူ အလွန် များပြားခဲ့ပါတယ်။ အဲဒီရာသီဥတု ဖြစ်စဉ်ဟာ အလွန် ရှားပါးတဲ့ဖြစ်စဉ်ဖြစ်ပြီး အရင်က မှတ်တမ်းတင်ထားနိုင်မှု အနည်းငယ်သာ ရှိခဲ့တယ်လို့ ပညာရှင်တွေက ပြောကြားပါတယ်။ အားကောင်းတဲ့ လေပြင်းတွေဟာ နှင်းတောင်တွေကို တိုက်ခိုက်ခဲ့ပြီး ယခုလို လေဆင်နှာမောင်း နှင်းမုန်တိုင်းအဖြစ် ပြောင်းသွားကြတာ ဖြစ်ပါသတဲ့။ ပိုလန်မှာတွေ့ရှိခဲ့ရတဲ့ နှင်းလေပွေက အားပျော့ပြီး အလွန်ကြီးမားတဲ့ တိုနေဒိုးတော့ မဖြစ်ခဲ့ပါဘူးတဲ့။

F-02

  • VIA