News

POST TYPE

ALSO IN NEWS

လေယာဉ်ပေါ်က ကျတာလို့ ယူဆရတဲ့ ရေခဲတုံးကြီး အိမ်ခေါင်မိုးပေါ်ကျ
14-Dec-2017

အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ် ဆန်ဘန်နက်ဒီနိုဒေသခံ မိသားစုတစ်စုရဲ့ အိမ်ခေါင်မိုးပေါ်ကို ရေခဲတုံးကြီးတစ်တုံး ပြုတ်ကျလာပြီး ခေါင်မိုးကို ဖောက်ဝင်သွားပါတယ်။ ရေခဲတုံးကြီးအိမ်ပေါ်ကိုကျလာစဉ်က ကလော်ဒယ်ကာရေးနှင့် ဇနီးသည်တို့က တီဗီကြည့်နေခဲ့ကြပါတယ်။ မျက်နှာကြက် ပေါက်သွားခဲ့ပြီး ကောင်းကင်ကို ဒိုးယိုပေါက်မြင်နေရတယ်လို့ အိမ်ရှင်အမျိုးသားက ပြောပါတယ်။ ရေခဲစ အကွဲတွေများစွာကို အိပ်ရာပေါ်နဲ့ ကြမ်းပေါ်မှာ တွေ့ရှိခဲ့ရတယ်လို့ သူက အတည်ပြုပါတယ်။ ရေခဲတစ်တုံးချင်းစီဟာ အလွန်မာကျောလှတယ်လို့လည်း သူကဆိုပါတယ်။ လူထိခိုက်သေဆုံးမှု မဖြစ်ခင်မှာ တစ်ယောက်ယောက်က တာဝန်ယူပေးရမှာ ဖြစ်တယ်လို့လည်း ထောက်ပြပါသေးတယ်။ လေယာဉ်ရဲ့ရေအိမ်က ယိုကျလာတဲ့ ရေခဲတွေဟာ အပြာရောင်တွေ ဖြစ်တတ်ပြီး ကယ်လီဖိုးနီးယားဒေသ ဖြစ်စဉ်မှာတော့ ရေခဲက အဖြူရောင်မို့ တခြားစဉ်းစားစရာတွေလည်း ရှိနိုင်ပါတယ်။

F-02

  • VIA