News

POST TYPE

ALSO IN NEWS

ကော်ဖီကို လျှော့ဈေးနဲ့ရဖို့ ရဲဟန်ဆောင်ပြီး ဝယ်တဲ့သူ အဖမ်းခံရပြီ
13-Dec-2017

တချို့သော ကုန်ပစ္စည်းနဲ့ ဝန်ဆောင်မှုလုပ်ငန်းတွေက ပြည်သူ့ဝန်ထမ်းတွေအတွက်ဆိုရင် ဈေးလျှော့ပေးတာမျိုး ရှိတတ်ပါတယ်။ အမေရိကန်ပြည်ထောင်စု နယူးယောက်နယ်သား တစ်ဦးကတော့ ကော်ဖီဆိုင်မှာ လျှော့ဈေးရအောင်လို့ ရဲဟန်ဆောင်ခဲ့ပါသတဲ့။ ကော်ဖီဝယ်ယူရာမှာ လျှော့ဈေးနဲ့ ရစေဖို့အတွက် ရဲအရာရှိ ဟန်ဆောင်ပြီး ဝင်ရောက်ဝယ်ယူရာ အဆိုပါ အမျိုးသားကို နယူးယောက်ရဲတပ်ဖွဲ့က ဖမ်းဆီးထားလိုက်ပြီဖြစ်သည်။ အယောင်ဆောင်သူဟာ ရဲဝန်ထမ်း အမှတ်အသားပြား အတုနဲ့ သေနတ်အတုတို့ကိုပြပြီး Starbucks ကော်ဖီဆိုင်ထဲသို့ ဝင်ခဲ့တာပါ။ သူက သူ့ကိုယ်သူ ရဲအရာရှိဖြစ်ကြောင်း လျှော့ဈေးပေးသင့်ကြောင်း ပြောခဲ့ပါတယ်။  ကိုင်ဆောင်ထားတဲ့ သေနတ်ကလည်း အရုပ်သေနတ်ပါ။ အသက် ၄၈ နှစ်အရွယ်ရှိ ဘက်ဖလိုးဒေသခံ အမျိုးသားကို အယောင်ဆောင်မှု အပါအဝင် အခြားအမှုတွေနဲ့ အရေးယူထားပါတယ်။

F-02


  • VIA