News

POST TYPE

ALSO IN NEWS

ရဲက အလိုရှိသည် ထုတ်ပြန်ထားတဲ့ ပိုစတာကို မိမိ Facebook Profile တင်ထားတဲ့တရားခံ မိပြီ
03-Sep-2016
အမေရိကန် ပြည်ထောင်စု ဖလော်ရီဒါ နယ်သား တစ်ဦးဟာ သူ့ကို အလိုရှိတယ်လို့ ရဲက ထုတ်ပြန်ထားတဲ့ ပိုစတာကို Facebook Profile မှာ မခန့်လေးစားနဲ့ တင်ထားပါတယ်။

မကြာပါဘူး သူ့ကို မိတာပါပဲ။ သူ့အမည်က မက်ခ်ယီးရားဝုဒီ ဖြစ်ပါသတဲ့။ 

သူဟာ လူရိုက်မှုနဲ့ အလိုရှိသည် ထုတ်ပြန်ထားခံရတဲ့ သူဖြစ်ပြီး ရှောင်တိမ်းနေတာမို့ ရဲက အလိုရှိသည် ဆိုပြီး ထုတ်ပြန်ထားခဲ့တာပါ။

ရဲက ပြီးခဲ့တဲ့ အင်္ဂါနေ့က သူရှိမယ့် နေရာကို ရှာဖွေနိုင်ခဲ့ပြီးတော့ ဖမ်းစဉ်မှာ ဆေးခြောက် ပမာဏ အများကြီးလည်း လက်ဝယ် တွေ့ရှိရပါသတဲ့။

သူဟာ ခံဝန်ချုပ် နှစ်ခုကိုလည်း ဖောက်ဖျက် ထားပြီးတော့၊ လူရိုက်မှု၊ ဆေးမှုတွေနဲ့လည်း စွဲချက် တင်ခံရပါတယ်။

လူမှုကွန်ရက် မီဒီယာတွေကို သုံးပြီး ရဲတွေက တရားခံတွေကို ရှာဖွေနေတဲ့ခေတ်မှာ တရားခံတွေက လူမှုကွန်ရက်ပေါ်ကနေ ရဲကို ပြန်လှောင်ပြောင်တဲ့ ဖြစ်စဉ်တွေ မကြာခဏ ဖြစ်တတ်ပါသတဲ့။

Ref : UPI


  • VIA