News

POST TYPE

ALSO IN NEWS

မြို့တွင်းခရီးစဉ်တစ်ခုကိုဒေါ်လာ ၁၄,ဝဝဝ ကျသွားတဲ့ ကနေဒါက Uber အငှားယာဉ်
12-Dec-2017
နည်းပညာနဲ့ ပို့ဆောင်ရေးကို ပူးပေါင်းထားတဲ့ ခေတ်သစ် စမတ်နည်းပညာသုံး app တွေကြောင့် ကားငှားရတာ အဆင်ပြေသွားပါပြီ။ ဒါပေမဲ့ နည်းပညာ ပစ္စည်းတွေရဲ့ အမှားအယွင်းတွေလည်း ရှိတတ်တာကို ကနေဒါက ဖြစ်ရပ်တစ်ခုက ပြသနေပါတယ်။ ကနေဒါနိုင်ငံ တိုရွန်တိုမြို့သားတစ်ဦးဟာ Uber app ကို အသုံးပြုပြီး မြို့တွင်းခရီးစဉ် ကားငှားစီးခဲ့ပါတယ်။ Uber ဆိုတာ မြို့ကြီးတွေမှာ ကားငှားစီးဝန်ဆောင်မှုပေးနိုင်တဲ့ နိုင်ငံတကာသုံး မိုဘိုင်းလ် app ဖြစ်ပါတယ်။ သာမန်အားဖြင့် ၁၂ ဒေါ်လာကနေ ၁၆ ဒေါ်လာအထိပဲ ကျတတ်တဲ့ ငါးမိုင်အကွာအဝေးရှိ အဆိုပါခရီးစဉ်ကို ဘယ်လောက်များ ကုန်ကျသွားတယ် ထင်ပါသလဲ။ ကနေဒါဒေါ်လာ တစ်သောင်းရှစ်ထောင်လောက် ကျသွားခဲ့တာတော့ တော်တော် လွန်သွားပါပြီ။ အမေရိကန်ဒေါ်လာ ၁၄,ဝဝဝ ကျော် ကျသွားခဲ့ပြီး မြန်မာငွေနဲ့ တွက်မယ်ဆို သိန်းတစ်ရာခြောက်ဆယ်လောက် ရှိပါလိမ့်မယ်။ ခရီးသည်ဟာ အဆိုပါ ကျသင့်ငွေကို မိုဘိုင်းလ်ဖုန်း ပုံရိပ် ဖမ်းရိုက်ကူးပြီး Instagram ပေါ် တင်ထားခဲ့ပါတယ်။ Uber က အဆိုပါငွေကို ပြန်အမ်းထုတ်ပေးပါ့မယ်လို့ ပြန်လည်ပြောကြားခဲ့ ပါတယ်။

F-02


  • VIA