News

POST TYPE

ALSO IN NEWS

YouTube မှာနာမည်ကြီးချင်လို့တဲ့
10-Dec-2017
ဒီနေ့ခေတ်မှာ ကမ္ဘာတစ်ဝန်းက လူငယ်တွေဟာ လူမှုကွန်ရက်တွေနဲ့ အင်တာနက်ပေါ်မှာ နာမည်ကြီးဖို့ နည်းလမ်း အမျိုးမျိုးနဲ့ လူအာရုံစိုက်မှုရအောင် လုပ်လေ့ရှိကြပါတယ်။ ကိုယ့်ရှိတာကိုယ်ပြပြီး နာမည်ကြီးအောင်လုပ်တဲ့ မိန်းကလေးတွေရှိသလို ပေါက်ကရတွေ လုပ်ပြပြီး နာမည်ကြီးအောင် လုပ်တဲ့သူတွေလည်း ဒုနဲ့ဒေးပါပဲ။ အသက် ၂၂ နှစ်အရွယ် ဗြိတိသျှသား တစ်ယောက်ကတော့ အဲဒီလိုနာမည်ကြီးဖို့ လုပ်ရင်း ဒုက္ခလှလှ တွေ့သွားခဲ့ပါတယ်။ ဘယ်လိုစိတ်ကူးနဲ့မှန်း မသိဘဲ ဆရာသမားက ရွှေဉာဏ်တော်စူးရောက်ပြီး မိုက်ခရိုဝေ့ဗ် မီးဖိုထဲကို ခေါင်းထည့်ပြကာ YouTube မှာ ဗီဒီယိုတင်ကာ ကြည့်ရှုသူများဖို့ ကြိုးစားခဲ့တာပါ။ သူ့ရဲ့မျက်နှာကို မထိခိုက်အောင် ပတ်တီးတွေနဲ့မံပြီး ပလတ်စတစ်အိတ်စွပ်၊ အသက်ရှူဖို့ ပြွန်တစ်ချောင်းနဲ့ မိုက်ခရိုဝေ့ဗ် မီးဖိုထဲကို ခေါင်းထည့်ပြလိုက်တာ ခေါင်းက မိုက်ခရိုဝေ့ဗ်ထဲကနေ ပြန်ထုတ်မရ ဖြစ်သွားတော့တာပါပဲ။ အဲဒီလို ခေါင်းပြန်ထုတ်မရဘဲ မရှူနိုင်၊ မကယ်နိုင်ဖြစ်နေချိန်မှာ ဘေးမှာရှိတဲ့ သူ့သူငယ်ချင်းတွေက ဆွဲထုတ်ပေးဖို့ ကြိုးစားပေမယ့်လည်း မအောင်မြင်ဘဲ နောက်ဆုံးမှာ မီးသတ်တပ်ဖွဲ့ကို အကူအညီ တောင်းခဲ့ရပါတယ်။ မီးသတ်သမားတွေလည်း သူ့ခေါင်းကိုလွယ်လွယ်နဲ့ ထုတ်မရခဲ့ဘဲ လျှပ်စစ်ကျွမ်းကျင်ပညာရှင်တွေကို မေးမြန်းပြီးမှသာ အချိန်ယူကြိုးစားပြီး သူ့ခေါင်းကို မိုက်ခရိုဝေ့ဗ်မီးဖိုထဲကနေ အောင်အောင်မြင်မြင် ကယ်ထုတ်လိုက်နိုင်တာပဲ ဖြစ်ပါတယ်။

F-01


  • VIA