News

POST TYPE

ALSO IN NEWS

၅ ပေါင်ကျော် ထောပတ်သီး ကမ္ဘာ့အကြီးဆုံး ဖြစ်ဖွယ်ရှိ
09-Dec-2017

အမေရိကန်ပြည်ထောင်စု ဟာဝိုင်ယီ ဒေသခံ အမျိုးသမီးတစ်ဦးဟာ  ကျောင်းတစ်ခုအနီးမှာ ဧရာမ ထောပတ်သီးကြီးကို တွေ့ခဲ့ပြီး ကမ္ဘာ့အကြီးဆုံးဖြစ်ဖွယ် ရှိတယ်လို့ ဆိုပါတယ်။

ကမ္ဘာ့အလေးချိန် အစီးဆုံးဆိုတဲ့ ခေါင်းစဉ်နဲ့ ဂရင်းနစ်စံချိန်ကိုတောင် ချိုးနိုင်လိမ့်မယ်လို့ ဆရာမ ပါမယ်လာဝမ် က ပြောကြားပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၆ ရက်နေ့က အဆိုပါ ထောပတ်သီးကြီးကို တွေ့ခဲ့ရတာလို့ အမျိုးသမီးက ဆိုပါတယ်။ 

“ကျွန်မက ထောပတ်သီးတွေ နေ့စဉ် ကိုင်တွယ်ပါတယ်။ ဒါပေမဲ့ ဒီတစ်ခုကတော့ မှတ်သားလောက်တယ်ရှင်”လို့ သူက ဒေသခံမီဒီယာတစ်ခုကို ပြောပါတယ်။ 

သူမရဲ့ ခေါင်းလောက်ရှိတဲ့ ထောပတ်သီးဟာ ကမ္ဘာ့အကြီးဆုံးဆိုတဲ့ စံချိန်မရှိတောင် ကမ္ဘာ့ အလေးဆုံး ဆိုတဲ့စံချိန် ဖြစ်နိုင်ဖွယ်ရှိပါတယ်။

လက်ရှိ ဂရင်းနစ်စံချိန် ချိုးထားတဲ့ ထောပတ်သီးဟာ ၄ ပေါင် ၁၃ အောင်စရှိကာ ဟာဝိုင်ယီက အသစ်တွေ့တဲ့ မဒမ်ဝမ်ရဲ့ ထောပတ်သီးက ၅ပေါင် ၃အောင်စ ရှိပါတယ်။
                      
F-02

  • VIA