News

POST TYPE

ALSO IN NEWS

ကိုယ့်ဘာသာ ချက်စားသွားရတဲ့ဖောက်သည်
07-Dec-2017
ကိုယ်ကလည်း သိပ်ကို ဗိုက်ဆာနေ၊ ဖွင့်ထားတဲ့ စားသောက်ဆိုင်ထဲက ဝန်ထမ်းကလည်း အိပ်ပျော်နေတယ်ဆိုရင် ဘာလုပ်မလဲ။ အမေရိကန် စစ်မှုထမ်းတစ်ဦးကတော့ ကိုယ့်ဘာသာ ဝင်ရောက် ချက်ပြုတ်ပြီး စားသွားခဲ့ပါတယ်။ အမေရိကန် တပ်မတော်က ဆေးတပ်ဝန်ထမ်း တစ်ဦးဟာ ညဘက် ဗိုက်ဆာလို့ ဖွင့်ထားတဲ့ စားသောက်ဆိုင်ကို သွားခဲ့ပေမယ့် တစ်ဦးတည်းရှိတဲ့ ဝန်ထမ်းက အိပ်နေခဲ့ပါတယ်။ အဲလက်စ်ဘိုဝမ်လို့ အမည်ရသူ အမျိုးသားဟာ သူငယ်ချင်းတွေနဲ့အတူ ညဘက် စားသောက်ပြီးတော့ တောင်ကယ်ရိုလိုင်းနားပြည်နယ်က Waffle House စားသောက်ဆိုင်ကို ဝင်ခဲ့ပါတယ်။ ကောင်တာရှေ့မှာ ၁၀ မိနစ်လောက် စောင့်ဆိုင်းပြီးချိန်မှာတော့ သူ ကံသိပ်မကောင်းဘူးဆိုတာကို သိလိုက်ပါပြီ။ တစ်ယောက်တည်းရှိတဲ့ ဆိုင်ဝန်ထမ်းက အိပ်နေလေရဲ့။ ဝန်ထမ်းကို မနှိုးချင်တာနဲ့ မစ္စတာဘိုဝမ်ဟာ ကိုယ့်ဘာသာ ဝင်ရောက် ချက်စားသွားခဲ့ပြီး နေ့ခင်းကျမှ အဖိုးအခ သွားရှင်းခဲ့ပါတယ်။ ချက်ပြုတ်နေချိန်မှာ ဆယ်ဖီဓာတ်ပုံ ရိုက်ခဲ့ပြီးတော့ အင်တာနက်ပေါ်ကိုတင်ကာ အများရဲ့ ရယ်မောမှုကို ရရှိခဲ့ပါတယ်။

F-02


  • VIA