News

POST TYPE

ALSO IN NEWS

အိမ်သာ ပျက်သွားလို့ ကြားကွင်းမှာ အရေးပေါ်ဆင်း
06-Dec-2017
အန္တရာယ်မလွယ်နိုင်လို့ ဆိုတဲ့ ဗမာစကား ရှိပါတယ်။ ဒါကြောင့်လည်း ခရီးဝေး သွားရတိုင်း ဘတ်စ်ကားတွေက ကျန်းမာရေးအတွက် ရပ်ပေးကြတာ ဖြစ်ပါတယ်။ ရပ်ပေးလို့ အဆင်မပြေတဲ့ လေယာဉ်တို့၊ ရထားတို့ကတော့ ယာဉ်ပေါ်မှာပဲ အဆင်ပြေအောင် ရေအိမ်ကို ပြုလုပ်ပေးထားရပါတယ်။ နယူးယောက်မြို့တော်ကနေ ဆီယက်တယ်မြို့ကို ပျံသန်းလာတဲ့ Delta လေကြောင်းခရီးစဉ်တစ်ခုဟာ လေယာဉ်ရဲ့ အိမ်သာတွေ ပျက်သွားတာမို့ ခရီးသည်တွေ တန်းစီကုန်တဲ့ ပြဿနာ ကြုံခဲ့ရပါတယ်။ ဘယ်လိုမှ မအောင့်နိုင်တော့တဲ့ ခရီးသည်တွေလည်း ပါလာတာမို့ ကြားကွင်းတစ်ကွင်းမှာ လေယာဉ်ကို အရေးပေါ် ဆင်းသက်လိုက်ရပါတယ်။ မွန်တာနားဒေသ ဘေလင်းစ်ဆိုတဲ့ မြို့တစ်မြို့မှာ အရေးပေါ် ဆင်းသက်လိုက်ရပြီး လေယာဉ်ဆိုက်စရာ ဂိတ်လည်း မအားတာမို့ ဒီအတိုင်းရပ်ပြီး ဖယ်ရီကားနဲ့ အိမ်သာ လိုက်ပို့ခဲ့ရပါတယ်။ နယူးယောက်ကနေ ဆီယက်တယ်ကို ၆ နာရီကြာအောင် ပျံသန်းရတာမို့ ကျန်းမာရေး ပြဿနာကို အဆင်ပြေအောင် ဖန်တီးပေးခဲ့တာ ဖြစ်ပါသတဲ့။

F-02


  • VIA