News

POST TYPE

ALSO IN NEWS

၈၁ နှစ်အရွယ် လေယာဉ်မယ်ဘွားဘွား ပျံသန်းမှုသက်တမ်း နှစ် ၆၀ ပြည့်
05-Dec-2017
ဘတ်တီနက်ရှ်လို့ အမည်ရတဲ့ အမေရိကန် လေကြောင်းလိုင်း လေယာဉ်မယ်ဟာ အသက် ၈၁ နှစ်ပြည့်သွားခဲ့ပါပြီ။ လေကြောင်းပျံသန်းမှု သက်တမ်းကတော့ အနှစ် ၆၀ ပြည့်ပြီဖြစ်ပါသတဲ့။ လေယာဉ်တစ်ခါစီးရင် ၁၂ ဒေါ်လာသာပေးရတဲ့ ခေတ်ကတည်းက လေယာဉ်မယ် လုပ်ခဲ့တာဖြစ်ပြီး သမ္မတအိုင်စင်ဟောင်ဝါ လက်ထက်က ဖြစ်ပါသတဲ့။ လေယာဉ် ကပ္ပတိန်အနေနဲ့ကတော့ အသက် ၆၅ နှစ်မှာ မဖြစ်မနေ ပင်စင်ယူရပေမယ့် လေယာဉ်မယ်အတွက်တော့ ဒီလိုစည်းမျဉ်းမျိုးမရှိတာမို့ သူမက အလုပ်ဆက်လုပ်နေဆဲဖြစ်ပါတယ်။ ဘတ်တီရဲ့ ဝန်ဆောင်မှုနဲ့ပတ်သက်ပြီး ပုံမှန် ခရီးသည်တွေက အလွန် နှစ်သက်ကြပြီး ခင်မင်နှစ်သက်ကြပါတယ်။

အမေရိကန်သမ္မတ ဂျွန်အက်ဖ်ကနေဒီ၊ သမ္မတကတော် ဂျက်ကလင်းကနေဒီတို့နဲ့အတူလည်း ခရီးစဉ်ပျံသန်းဖူးပြီးတော့ အတွေ့အကြုံ အလွန်ပြည့်ဝတဲ့ လေယာဉ်မယ်တစ်ဦးဖြစ်ပါသတဲ့။      

F-02


  • VIA