News

POST TYPE

ALSO IN NEWS

အလုပ်များလွန်းလို့ ချစ်မှုရေးရာ စိတ်မပါတဲ့ ဂျပန်အမျိုးသမီးတွေ
04-Dec-2017
ဂျပန်နိုင်ငံက အွန်လိုင်းပေါ်မှ အောင်သွယ်ပေးတဲ့ ဝန်ဆောင်မှုလုပ်ငန်းတစ်ခုက ပြုလုပ်ထားတဲ့စစ်တမ်းအရ ၆၀ ရာခိုင်နှုန်းသော အမျိုးသမီးတွေဟာ အလုပ်တွေ ပင်ပန်းနေလို့ ချစ်ရေးချစ်ရာ စိတ်မပါဘူးလို့ ပြောထားကြတာကို တွေ့ရပါတယ်။ အလုပ်ခွင်မှာ ဆောင်ရွက်စရာတွေ များလွန်းတာမို့ ချစ်မှုရေးရာကို အမျိုးသမီးများ ကျောခိုင်းလာကြခြင်းဖြစ်တယ်လို့ အဆိုပါ အင်တာနက် ဝန်ဆောင်မှုလုပ်ငန်း cocoloni.jp က အကြောင်းပြချက် ဖော်ပြထားပါတယ်။ ယနေ့ခေတ် အလုပ်ခွင်များရဲ့ ဖိအားကြောင့်ဖြစ်တယ်လို့လည်း ထောက်ပြထားပါတယ်။ စစ်တမ်းကိုပါ ဝင်ဖြေဆိုပေးခဲ့ကြတဲ့ အမျိုးသမီးတွေထဲမှ တစ်ယောက်က “ချိန်းတွေ့ရင်းနဲ့ အိပ်ပျော်သွားမိတယ်”လို့ ဆိုပါတယ်။ အိမ်ပြန် ရုပ်ရှင်ကြည့်တာတို့၊ နာမည်ကျော် မင်းသားချောတွေ ပြောထားတဲ့ ကြင်နာစကားတွေကို App ဖွင့်ပြီး နားထောင်တာတို့ လုပ်နိုင်ပြီမို့ ဘာကြောင့်များ ချိန်းတွေ့နေဦးမလဲ ဆိုပြီး အမျိုးသမီးတချို့က ဆိုပါတယ်။ တခြား အွန်လိုင်း ဝန်ဆောင်မှု ကုမ္ပဏီတွေကလုပ်တဲ့ စစ်တမ်းတွေထဲမှာလည်း ဒီလိုပဲ ရလဒ်တွေ ထွက်နေတာမို့ ဂျပန်ရဲ့ အနာဂတ်အတွက် စဉ်းစားပေးရမယ့်အချိန်ပါပဲ။

F-02


  • VIA