News

POST TYPE

ALSO IN NEWS

ခွေးပေါက်စလေးတွေကို ကြောင်မကြီးက ပြုစုစောင့်ရှောက်
03-Dec-2017
မိခင်ရဲ့စောင့်ရှောက်မှုကို မရရှိတဲ့ ခွေးကလေးများကို ကြောင်မကြီးက ပြုစုစောင့်ရှောက်နေတဲ့ဖြစ်စဉ် အိန္ဒိယမှာ ကြုံရလျက် ရှိပါတယ်။ အိန္ဒိယနိုင်ငံ ဘယ်သန်ဂါဒီ ဒေသအနီးက ရွာတစ်ရွာမှာနေတဲ့ မိုဟန်နိတ်ခ်ဆိုသူ ခွေးပိုင်ရှင် အမျိုးသမီးဟာ ခွေးမကြီးရဲ့ ခွေးပေါက်စလေးတွေကို စောင့်ရှောက်မှု အားနည်းတဲ့အတွက် စိုးရိမ်ခဲ့ရပါသတဲ့။ ဒါပေမဲ့ ပင်ကီလို့ အမည်ရတဲ့ ကြောင်ကတော့ ခွေးပေါက်စလေးတွေကို ဝင်ရောက် စောင့်ရှောက်ပေးနေပါတယ်။ နိတ်ခ်က အဲဒီဖြစ်စဉ်ကို ဗီဒီယို ရိုက်ထားခဲ့ပြီး လူမှုကွန်ရက်ပေါ်ကို တင်ခဲ့ပါတယ်။ ခွေးမကြီးရူဘီနဲ့ ပင်ကီတို့ဟာ မတည့်ကြပေမယ့် ခွေးကလေးတွေကို ပင်ကီက ဝင်ရောက် စောင့်ရှောက်ပေးတာဟာ စိတ်လှုပ်ရှားဖွယ် ဖြစ်တယ်လို့ ပိုင်ရှင်ကဆိုပါတယ်။ ကြောင်မလေးရော၊ ခွေးမလေးတို့ဟာ အသက် ၂ နှစ်စီ ရှိကြပြီဖြစ်ပြီး သူတို့နှစ်ဦးဟာ ပြိုင်ဘက်တွေဖြစ်ပြီး တစ်ကောင်ကိုတစ်ကောင် ရန်လုပ်နေတတ်ကြပါသတဲ့။

F-02


  • VIA