News

POST TYPE

ALSO IN NEWS

အိမ်အလုံးလိုက် အခိုးခံရလို့ အိမ်ခြေမဲ့ဖြစ်ရရှာတဲ့ အမျိုးသမီး
03-Dec-2017
ရွှေ့ပြောင်းလို့ရသည့် အိမ်အလုံးလိုက်ကြီးကို သူခိုးတွေက ကားဖြင့်ဆွဲပြီး ခိုးယူသွားခဲ့ရာတွင် အိမ်ရှင်အမျိုးသမီးမှာ သူခိုးခိုးသွားလို့ နေစရာပင်မရှိတော့တဲ့ အခြေအနေသို့ ရောက်သွားခဲ့ရပါတယ်။ 

ရွှေ့ပြောင်းအိမ်လေး အခိုးခံရလို့ ဝီလန်ဒေသကရဲတွေက အဆိုပါအိမ်သူခိုးနောက်ကို အပူတပြင်း စုံစမ်းလျက်ရှိကြပါတယ်။ 

နိုဝင်ဘာလ ၂၂ ရက်နေ့ညပိုင်းက အဆိုပါ အိမ်အလုံးလိုက် အခိုးခံရမှု ဖြစ်ပွားခဲ့တယ်လို့ သတင်းတွေက ဖော်ပြထားပါတယ်။ 

သော့ခတ်ထားတဲ့ခြံဝင်းထဲကို သူခိုးတွေက ဝင်ရောက်လာကြပြီး ပေလေးဆယ်ပတ်လည် ရွှေ့ပြောင်းအိမ်ကို ဆွဲယူသွားခဲ့တာဖြစ်ပါတယ်။ 

အိမ်ရှင်ဒေသခံ အမျိုးသမီးဟာ လတ်တလော နေစရာမရှိဘဲ အိမ်ခြေမဲ့  ဖြစ်နေရရှာပါတယ်။

ထိုအိမ်နဲ့ပတ်သက်ပြီး မသင်္ကာစရာ တစ်ခုခုရှိပါက သတင်းပေးကြဖို့ ရဲကဒေသခံပြည်သူတွေကို တိုက်တွန်းနှိုးဆော်ထားပါတယ်။


  • VIA