News

POST TYPE

ALSO IN NEWS

သေနတ်နှစ်လက်နဲ့ ဆိုက်ဘေးရီးယားက ဝက်ဝံကြီး
28-Nov-2017
ဆိုက်ဘေးရီးယားဒေသမှာ မုဆိုးတစ်ယောက်ဆီက သေနတ်နှစ်လက်ကို ယူပြီးတော့ ဝက်ဝံကြီးတစ်ကောင် တောနက်ထဲကို ဝင်သွားတယ်လို့ သတင်းတွေက ဖော်ပြထားပါတယ်။ 
အဲဒီမုဆိုးဟာ မိုင်တော်တော်များများ တောထဲကျွံဝင်သွားခဲ့ပြီး နိုဝင်ဘာလ ၁၆ ရက်နေ့မှာ တောထဲက သစ်လုံးအိမ်ထဲမှာ နားဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ တောထဲက ဝက်ဝံတစ်ကောင်ဟာ သစ်လုံးအိမ်ဆီကို ရောက်လာပြီး မုဆိုးရဲ့ အိတ်နဲ့ သေနတ်နှစ်လက်ကို ယူသွားခဲ့ပါတယ်။ မုဆိုးက ရေသွားချိုးစဉ်မှာ အဆိုပါအဖြစ်အပျက် ဖြစ်ပွားခဲ့တာပါ။ ရေချိုးပြီးပြန်လာတဲ့အချိန်မှာ ဝက်ဝံကို တွေ့လိုက်ရပြီး သူ့သေနတ်တွေကို ယူသွားတာကို တွေ့လိုက်ရတာ ဖြစ်ပါတယ်။ မုဆိုးဟာ ဝက်ဝံနဲ့ ပက်ပင်းတိုးမှာစိုးလို့ ဝင်ရောက် ပုန်းအောင်းနေရပြီး အိမ်ထဲကတော့ ပလတ်စတစ်ပုံး တစ်ပုံးကို ကိုက်သွားပြီး လက်သည်းရာတွေလည်း ကျန်ခဲ့ပါသတဲ့။

F-02


  • VIA