News

POST TYPE

ALSO IN NEWS

မိုက်ကယ်အိုဝင်ကို ပြိုင်မြင်းစီးသမား ဂျော်ကီအဖြစ် မြင်ရတော့မှာလား
28-Nov-2017

လီဗာပူးအသင်းနဲ့ အင်္ဂလန် လက်ရွေးစင်အသင်းတို့ရဲ့ ဂန္ထဝင် ငှက်မြန်လေးလို့ နာမည်ကြီးခဲ့တဲ့ ဘောလုံးသမား မိုက်ကယ်အိုဝင်ဟာ ရန်ပုံငွေပွဲတစ်ပွဲမှာ မြင်းစီး သမား ဂျော်ကီအဖြစ် ပါဝင်ခဲ့ပါတယ်။ နာမည်ကျော်ဘောလုံးသမားဟောင်းဟာ  မြင်းပြိုင်ပွဲမှာ ဒုတိယရရှိခဲ့လို့ နောက်ထပ်သူ့ရဲ့ အားကစားသမားဘဝ အသစ်များ ဖြစ်လာမလားဆိုပြီး မီဒီယာတွေက ရေးသားနေကြပါတယ်။ ဗြိတိန်အိမ်ရှေ့မင်းသား ချားလ်စ်ရဲ့ ကျေးလက်ဒေသ ရန်ပုံငွေပွဲမှာ မိုက်ကယ် အိုဝင်ဟာ သူပိုင်တဲ့  ပြိုင်မြင်းနဲ့ ဝင်ရောက်စီးနင်းခဲ့တာ ဖြစ်ပါတယ်။

“ကျွန်တော့်ရဲ့ ပထမဆုံး အတွေ့အကြုံဖြစ်ပါတယ်။ အတော် ခက်ပါတယ်။ ဂျော်ကီတွေကို ပိုပြီးလေးစားမိပါတယ်”လို့ မိုက်ကယ်အိုဝင်က ပြောကြားခဲ့ပါတယ်။

မိုက်ကယ်အိုဝင်ဟာ လီဗာပူး၊ ရီးရဲလ်မက်ဒရစ်၊ နယူးကာဆယ်၊ မန်ချက်စတာ ယူနိုက်တက်တို့မှာ ကစားပြီးတော့ ဘောလုံးသမားဘဝကို အနားယူထားတာ ဖြစ်ပါတယ်။ ဘက်ခ်ရှိုင်းယားဒေသမှာပြုလုပ်တဲ့ အဆိုပါပြိုင်ပွဲကို မိုက်ကယ်အိုဝင်ဟာ ကယ်ဒါပရင့်စ်ဆိုတဲ့ သူ့ရဲ့ ပြိုင်မြင်းတစ်ကောင်ကို စီးနင်းခဲ့ပါတယ်။

F-02


  • VIA