News

POST TYPE

ALSO IN NEWS

ဘယ်နားမှာ ပါကင်ထိုးမိမှန်း မသိတဲ့ကား အနှစ် ၂၀ ကြာမှ ပြန်တွေ့
26-Nov-2017

ရှာနေတုန်းကတော့ ဘယ်လိုမှ စဉ်းစားလို့ မရအောင်ဖြစ်ခဲ့ပြီး မရှာတော့မှ ပြန်တွေ့ရတဲ့ဖြစ်စဉ်မျိုး ကြုံဖူးကြမှာပါ။ ဂျာမနီမှာတော့ ဘယ်တော့မှ မတွေ့တော့ဘူးလို့ ထင်နေတဲ့ ကားတစ်စီးဟာ ဆယ်စုနှစ် ၂ ခုကြာမှ မမျှော်လင့်ဘဲ ပြန်တွေ့တဲ့ဖြစ်စဉ် ကြုံခဲ့ရပါသတဲ့။ လွန်ခဲ့တဲ့ အနှစ် ၂၀ ခန့်က ဂျာမန်အမျိုးသား တစ်ဦးဟာ ဖရန့်ဖတ်မြို့က ဂိုဒေါင်တစ်ခုထဲမှာ ကားကိုပါကင် ထိုးခဲ့ပြီး ဘယ်ဂိုဒေါင်မှန်း မမှတ်မိတော့ပါဘူးတဲ့။ ဒီလိုနဲ့ ယနေ့ခေတ်ကို ရောက်လာတဲ့အခါ ဂိုဒေါင်တွေကို ဖျက်တော့မှ ဂိုဒေါင်တစ်ခုထဲက သူ့ကားကို ပြန်တွေ့ရတာဖြစ်ပါတယ်။

ဗောက်စ်ဝက်ဂွန် အမျိုးအစားကား ဖြစ်ပြီးတော့ ဒီကားကို ၁၉၉၇ ခုနှစ်ကတည်းက ဘယ်နားထားမိမှန်း မမှတ်မိဖြစ်သွားတာပါ။ ကားပိုင်ရှင်ဟာ ယခုအခါ အသက် ၇၆ နှစ်အရွယ် ရောက်နေပေမယ့် သူ့ကားကို ကောင်းကောင်း မှတ်မိနေပါသေးတယ်။

F-02


  • VIA