News

POST TYPE

ALSO IN NEWS

ကျောကုန်းမှာ ခြေထောက် အပိုပါပြီး မွေးလာတဲ့ နွားကလေး
23-Nov-2017
တရုတ်နိုင်ငံမှာမွေးဖွားလာတဲ့ နွားပေါက်စလေး တစ်ကောင်ဟာ ကျန်းမာ ပကတိ ချမ်းသာစွာ ရှိပေမယ့် ထူးဆန်းစွာ မွေးဖွားလာတာ ဖြစ်ပါတယ်။ ကျောကုန်းပေါ်မှာ ခြေထောက်တစ်ချောင်း အပိုပါလာပြီး လမ်းလျှောက်ရင် အဲဒီခြေထောက်က တွဲလောင်း ဖြစ်နေပါသတဲ့။ ရက် ၄၀ အသက်ရှိပြီဖြစ်တဲ့ နွားကလေးဟာ တရုတ်နိုင်ငံ ဟိုင်လုံးကျန်းပြည်နယ်က လယ်တောမှာ မွေးဖွားခဲ့တာဖြစ်ပြီး ကောင်းစွာ လှုပ်ရှားသွားလာနေပါတယ်။ ကျောကုန်းမှာရှိတဲ့ ခြေထောက်ကလည်း အနှောင့်အယှက်ဖြစ်တဲ့ပုံ မပေါ်ပါဘူး။ နွားလေးရဲ့ ပိုင်ရှင်ကတော့ အပိုပါလာတဲ့ ခြေထောက်က နွားလေးရဲ့ ကျန်းမာရေးကိုလည်း မထိခိုက်သလို သက်သောင့်သက်သာလည်း မဖြစ်စေဘူးလို့ ပြောပါတယ်။

F-02 


  • VIA