News

POST TYPE

ALSO IN NEWS

မွေးကင်းစသားလေး၊ မိခင်နဲ့ ဘွားအေတို့ မွေးနေ့ထပ်တူကျ
22-Nov-2017
ရှားရှားပါးပါး တိုက်ဆိုင်မှု ဖြစ်ပါတယ်။ သားနဲ့ မအေသာ မွေးနေ့တူကြတာ မဟုတ်ပါဘူး။ အဘွားပါ အပါအဝင် သုံးယောက်လုံး မွေးနေ့တူနေတာ ဖြစ်ပါတယ်။ သုံးယောက်လုံးဟာ နိုဝင်ဘာလ ၁၉ ရက်နေ့မှာ မွေးဖွားကြတာ ဖြစ်ပါတယ်။ ဘွားအေကြီးက လာရာဂရီဂိုရီဟာ သူ့မြေးလေး နေ့မစေ့ လမစေ့ မွေးတယ်ဆိုပေမယ့် နိုဝင်ဘာလ ၁၉ ရက်မှာ မွေးတယ်ဆိုတော့ စိတ်ထဲတမျိုး ခံစားရတယ်လို့ ပြောပါတယ်။ ပရင်စီတန်ဆေးရုံမှာ မီကာလီဒွန်းကို မိခင်ဖြစ်သူ ထရီစာဒွန်းက မွေးဖွားခဲ့တာ ဖြစ်ပါတယ်။ ခင်ပွန်းဖြစ်သူက သူ့သားလေးကို မိခင်နဲ့ ဘွားအေဖြစ်သူတို့ မွေးနေ့မှာ မွေးခဲ့တာ အတော်ကောင်းတယ်လို့ ဆိုပြီးကျေနပ်နေပါတယ်။

“ပြီးခဲ့တဲ့ စနေနေ့ ညကမှ တွေးမိတာပါ။ ကျွန်မတို့မွေးနေ့မှာ သူ့ကို မွေးနိုင်တယ် ဆိုတာပါပဲ”လို့ မိခင်ဖြစ်သူက NJ.com သတင်းဌာနကို ပြောပါတယ်။

F-02