News

POST TYPE

ALSO IN NEWS

ယာဉ်ထိန်းရဲတွေဟာ ယာဉ်မောင်းတွေကို သနားညှာတာသင့်တယ်လို့ ပုပ်ရဟန်းမင်းကြီးဆို
21-Nov-2017
ပုံမှန်ထက် ပိုမောင်းမိလို့ အဖမ်းခံရတဲ့ ယာဉ်မောင်းတွေအနေနဲ့ ပုပ်ရဟန်းမင်းကြီး အမည်ပြောပြီး ယာဉ်ထိန်းတွေဆီမှာ အသနားခံလို့ ရပါပြီ။ ယာဉ်မောင်းတွေကို သနားညှာတာပေးဖို့ ပုပ်ရဟန်းမင်းကြီးက ရဲတွေကို ရည်ရွယ်ပြောကြားခဲ့လို့ ဖြစ်ပါတယ်။ အီတလီက ယာဉ်ထိန်းရဲများနဲ့ တွေ့ဆုံစဉ်မှာ ယာဉ်မောင်းတွေအပေါ် သနားညှာတာပေးဖို့ ပြောကြားခဲ့ပါတယ်။
“သနားညှာတာခြင်းဟာ အားနည်းခြင်း မဟုတ်ပါဘူး၊ မလိုအပ်ဘဲ အင်အား သုံးဖို့လည်း မလိုပါဘူး”လို့ ပုပ်ရဟန်းမင်းကြီးက ပြောကြားခဲ့ပါတယ်။

လူတစ်ယောက်ဟာ ဘာကြောင့် ကျူးလွန်မှုတစ်ခုကို ပြုသလဲဆိုတာကို နားလည်ပေးဖို့ လိုတယ်လို့ ရဲတွေကို ပုပ်ရဟန်းမင်းကြီးက မိန့်ကြားပါတယ်။

အမြန်လိုနေပြီး ယှဉ်ပြိုင်ရတဲ့ လူ့အဖွဲ့အစည်းရဲ့ ယနေ့ခေတ် ဘဝနေနည်းမှာ ယာဉ်မောင်းသူတွေဟာ တခြားသူကို ကျော်ဖြတ်ရမယ့် အတားအဆီးလို့ မြင်လာခဲ့တယ်လို့ ဆိုပါတယ်။

F-02


  • VIA