News

POST TYPE

ALSO IN NEWS

ကော်ဖီက ရတဲ့စွမ်းအင်နဲ့ ပြေးဆွဲတဲ့ လန်ဒန်က ဘတ်စ်ကား
20-Nov-2017
စွန့်ပစ်ပစ္စည်းအဖြစ် ကျန်ရစ်ခဲ့တဲ့ကော်ဖီကရတဲ့ အနည်အနှစ်တွေကို အသုံးချ စွမ်းအင်ထုတ်ကာ လန်ဒန်မှာ ဘတ်စ်ကားတစ်စင်းကို ပြေးဆွဲခဲ့တယ်လို့ BBC သတင်းမှာ ဖော်ပြထားပါတယ်။ ကော်ဖီအကျန်တွေက ထုတ်တဲ့ဆီကို ဇီဝလောင်စာအဖြစ် ဖန်တီးပြီး ဘတ်စ်ကားကို ပြေးဆွဲခဲ့တာ ဖြစ်ပါတယ်။ ဘတ်စ်ကားတစ်စီး တစ်နှစ်စာ ပြေးဆွဲဖို့အတွက် ကော်ဖီဆီတွေကို ထုတ်လုပ်ထားတယ်လို့ နည်းပညာ ကုမ္ပဏီ Bio-Bean က ထုတ်ပြန်ထားပါတယ်။ သယ်ယူပို့ဆောင်ရေးလုပ်ငန်းကြောင့် လေထဲကို ကာဗွန်ဒိုင်အောက်ဆိုက်ဒ်တွေ ထုတ်လွှတ်တာကို လျှော့ချနိုင်ဖို့ လန်ဒန်သယ်ယူပို့ဆောင်ရေးလုပ်ငန်းမှာ ဇီဝ ဒီဇယ်တွေကို ပိုမို များပြားစွာ အသုံးပြုလာကြပါတယ်။ ဇီဝဒီဇယ်ကို ဟင်းချက်ဆီ၊ အသားဆီစတဲ့ ဘေးထွက်ပစ္စည်းတွေကနေ ထုတ်လုပ်ပြီး မြို့တော်ရဲ့ ဘတ်စ်ကား ၉၅၀ဝ လောက်အတွက် ထည့်သွင်း ပြေးဆွဲလျက် ရှိပါတယ်။ ကော်ဖီဖျော်ပြီး ပိုတဲ့အနှစ်တွေကနေထုတ်တဲ့ ဇီဝဒီဇယ်နဲ့ ကားတွေပြေးဆွဲတာကတော့ ပထမဆုံးပဲ ဖြစ်ပါတယ်။

F-02


  • VIA