News

POST TYPE

ALSO IN NEWS

မြို့နယ် ဘုတ်အဖွဲ့ဝင် ရွေးကောက်ပွဲ ရရှိမဲတူနေလို့ ခေါင်း၊ ပန်းလှန်ပြီး အနိုင်အရှုံး ဆုံးဖြတ်
19-Nov-2017
အမေရိကန်ပြည်ထောင်စု ကွန်နက်တီကတ်ဒေသက မြို့ငယ်လေးတစ်ခုမှာ မြို့အုပ်ချုပ်ရေးဘုတ်အဖွဲ့ ရွေးကောက်တင်မြှောက်ရာမှာ မဆုံးဖြတ်နိုင်တဲ့ အခြေအနေတစ်ခုကို ကြုံနေရပါတယ်။

ပါဝင်ယှဉ်ပြိုင်ခဲ့ကြတဲ့ ရီပတ်ဘလစ် ကန် ကိုယ်စားလှယ်လောင်းနဲ့ ဒီမိုကရက်တစ် ကိုယ်စားလှယ်လောင်းတို့ နှစ်ဦးလုံးဟာ ၇၁၈ မဲစီ အတိအကျ ရနေတာမို့ မဆုံးဖြတ်နိုင်တာ ဖြစ်ပါတယ်။

မြို့ရဲ့ သတ်မှတ်ထားတဲ့ စည်းမျဉ်းအရ ရရှိတဲ့ မဲအရေအတွက် တူနေမယ်ဆိုရင် အထူး ရွေးကောက်ပွဲ ပြန်လုပ်တာဖြစ်စေ၊ ခေါင်း၊ ပန်းလှန်တာဖြစ်စေ တစ်ခုခုနဲ့ ဆုံးဖြတ်ရမှာ ဖြစ်ပါသတဲ့။

ရီပတ်ဘလစ်ကန် လက်ရှိ မြို့တော် ဘုတ်အဖွဲ့ဝင် မိုက်ကယ်အီရီမီတာပဲ ခေါင်း၊ ပန်းလှန်ရာမှာ အနိုင်ရရှိသွားခဲ့ပါတယ်။

လူဦးရေ ငါးထောင်လောက်သာရှိတဲ့ ဘော်တန်ဆိုတဲ့မြို့ကလေးမှာ ခုလိုမျိုး ခေါင်းပန်းလှန်ပြီး ဆုံးဖြတ်ခဲ့တဲ့အတွက် အထူး ရွေးကောက်ပွဲ ကုန်ကျစရိတ် ဒေါ်လာ ၃၀ဝဝ လောက် သက်သာသွားခဲ့ပါတယ်။

အလားတူဖြစ်ရပ်မြို့ ဖိလစ်ပိုင်က မြို့နယ်အုပ်ချုပ်ရေးမှူး ရွေးကောက်ပွဲ တစ်ခုမှာလည်း ဖြစ်ဖူးပြီး သူတို့လည်း ခေါင်းပန်းလှန်ပြီးပဲ အဆိုပါ ရာထူးနေရာကို အဆုံးအဖြတ် ပေးခဲ့ရပါတယ်။

F-02


  • VIA