News

POST TYPE

ALSO IN NEWS

စက္ကန့် ၂၀ စောပြီး ရထားထွက်မိလို့ ဂျပန်ပို့ဆောင်ရေး ကုမ္ပဏီ တောင်းပန်
18-Nov-2017
မီးရထားများ ပြေးဆွဲလျက်ရှိသည့် ဂျပန်ရထားပို့ဆောင်ရေး ကုမ္ပဏီတစ်ခုဟာ သူတို့ရဲ့ ရထားတစ်စင်း စက္ကန့် ၂၀ လောက်စောပြီး ထွက်မိတဲ့အတွက် တောင်းပန်ပါကြောင်း ထုတ်ပြန်ခဲ့ပါတယ်။

Tsukuba Express ရထားလိုင်းဟာ တိုကျိုနဲ့ဆုကုဘာ မြို့ကြား ပြေးဆွဲတာ ဖြစ်ပြီးတော့ စက္ကန့်၂၀ စောပြီးထွက်မိတဲ့အတွက် တောင်းပန်ပါကြောင်း စီမံခန့်ခွဲရေးဌာနက ပြောကြားခဲ့တာ ဖြစ်ပါတယ်။

ရထားဟာ ဒေသစံတော်ချိန် မနက် ၉ နာရီ ၄၄ မိနစ် စက္ကန့် ၄၀ မှာ ထွက်ရှိရမယ့်ဟာကို မနက် ၉ နာရီ ၄၄ မိနစ် စက္ကန့် ၂၀ မှာ ထွက်သွားခဲ့ပါသတဲ့။

ထိုကိစ္စနဲ့ပတ်သက်ပြီး ကုမ္ပဏီရဲ့ တောင်းပန်မှုအပေါ် လူမှုကွန်ရက် အသုံးပြုသူများက အံ့ဩသွားခဲ့ရပါတယ်။

ဝန်ထမ်းတွေက အချိန်ဇယားကို သေသေချာချာ မစစ်ဆေးတဲ့အတွက်ကြောင့် အဆိုပါ အမှားမျိုးဖြစ်ရတာလို့ ကုမ္ပဏီက ထုတ်ပြန်ထားပါတယ်။

“ဝန်ထမ်းများက ထွက်ခွာရမယ့် အချိန်ဇယားကို သေချာ မစစ်ဆေးခဲ့ဘဲ ထွက်ခွာခဲ့ပါတယ်”လို့ အဆိုပါ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

F-02


  • VIA