News

POST TYPE

ALSO IN NEWS

ရန်လာမူတဲ့ ငါးမန်းကြီးရဲ့ မျက်နှာကို လက်သီးနဲ့ ထိုးလွှတ်တဲ့ ဗြိတိန်သား
17-Nov-2017
ဩစတြေးလျမှာ ရေလွှာလျှောစီးနေတဲ့ ဗြိတိန်သားတစ်ဦးဟာ ငါးမန်းကြီးတစ်ကောင်ရဲ့ ရန်မူတိုက်ခိုက်မှုကို ကြုံခဲ့ရပါတယ်။ ဒါပေမဲ့ ထိုရေလှိုင်းစီးသမားက မျက်နှာကို လက်သီးနဲ့ ကော်ထိုးခဲ့တာကြောင့် ငါးမန်းခမျာ သူ့ကို ပြန်လွှတ်လိုက်ရပါတော့တယ်။ အသက် ၂၅ နှစ်အရွယ် ဗြိတိန်ဆရာဝန် ချာလီဖရိုင်းဟာ ဩစတြေးလျမှာနေထိုင်ပြီး အလုပ် လုပ်နေတာ ၂ လရှိပါပြီ။ သူ ရေလှိုင်းစီးနေတုန်းမှာ ငါးမန်းကြီးက ကိုက်ခဲ့ပြီးတော့ လက်မောင်းမှာ ဒဏ်ရာရခဲ့ပါတယ်။ အလွန် ကြောက်ရွံ့သွားတဲ့ ဗြိတိန်သားဟာ ဘာလုပ်ရမှန်း မသိတာနဲ့ ငါးမန်းရဲ့ မျက်နှာကြီးကို ဆွဲထိုးခဲ့ပြီး ငါးမန်းလည်း လွှတ်ပေးလိုက်ပါသတဲ့။ သူ အော်ဟစ်တဲ့အသံကို ကြားတဲ့မိတ်ဆွေ တွေရောက်လာပြီး ချာလီဖရိုင်းလည်း ငါးမန်းလက်က လွတ်မြောက်ခဲ့ရခြင်း ဖြစ်ပါတယ်။

F-02


  • VIA