News

POST TYPE

ALSO IN NEWS

ကမ္ဘာ့အကြီးဆုံး စတစ်ကာလုံးအဖြစ် မှတ်တမ်းဝင်တဲ့စံချိန်
16-Nov-2017

စတစ်ကာပေါင်းများစွာကို တစ်ခုချင်းစုကပ်ပြီး ကာလ အတော်ကြာတဲ့အခါ စတစ်ကာဘောလုံးကြီး ဖြစ်သွားခဲ့တာမို့ ကမ္ဘာ့အကြီးဆုံး စတစ်ကာ ဘောလုံးအဖြစ်ကို စံချိန်ချိုးသွားခဲ့ပါပြီ။ ဘယ်သူက အဆိုပါ ကမ္ဘာ့အကြီးဆုံး ဘောလုံးကြီးကို ဖန်တီးခဲ့သလဲဆိုရင် StickerGiant က စီအီးအို ဂျွန်ဖစ်စ်ချာနဲ့ သူ့အဖွဲ့ဖြစ်ပါတယ်။ စတစ်ကာပေါင်းအခု ၂ သိန်းလောက်နဲ့ ပြုလုပ်ထားတဲ့ စတစ်ကာ ဘောလုံးဖြစ်တယ်လို့ ဖန်တီးသူက ပြောကြားပါတယ်။ ယခင်က အလေးချိန် ၂၃၁ ပေါင်ရှိခဲ့ရာကနေ ယခုအခါ ထို့ထက်ပိုပြီး လေးနေလောက်ပြီလို့လည်း ယူဆကြပါတယ်။ အဆိုပါ စတစ်ကာလုံးကြီးက လေးလွန်းတော့ အချိန်စီးတဲ့အထုပ်တွေ မ တဲ့ ကရိန်းငယ်နဲ့ မ ယူရပါတယ်။ ထူးထူးဆန်းဆန်း စုဆောင်းတဲ့ ဝါသနာရှင်များစွာထဲမှာ စတစ်ကာတွေ စုဆောင်းပြီးကပ်ကာ အလုံးကြီး ဖန်တီးထားတဲ့ ဝါသနာကလည်း ဆန်းကြယ်လှပြီး ယခုအခါ သူလည်း ကမ္ဘာ့စံချိန် ချိုးသွားခဲ့ပါပြီ။

F-02


  • VIA