News

POST TYPE

ALSO IN NEWS

ဒေါ်လာ ၁ ဒသမ ၃ သန်းတန် ရတနာသေတ္တာ အခိုးခံရ
14-Nov-2017
အမေရိကန်ဒေါ်လာ ၁ ဒသမ ၃ သန်းတန် ရတနာသေတ္တာ လက်ဆွဲအိတ် လန်ဒန်ရထား တစ်စင်းပေါ်မှာ အခိုးခံလိုက်ရပါသတဲ့။

ဗြိတိန်ရဲတွေဟာ လုံခြုံရေး ကင်မရာကနေတစ်ဆင့် ခိုးသွားသူဟု ယူဆရသူကို တွေ့လိုက်ပြီး လိုက်လံရှာဖွေလျက်ရှိပါတယ်။

နီလာ၊ ပတ္တမြား၊ မြ စတဲ့ ရတနာတွေနဲ့အတူ အခြားရတနာပစ္စည်း များစွာ ပါဝင်သွားတဲ့ ရတနာသေတ္တာကိုကိုင်ပြီး ပိုင်ရှင်ဖြစ်သူဟာ ဘာကြောင့် မြို့ပတ်ရထား လာစီးရသလဲတော့ မသိပါဘူး။ 

ပိုင်ရှင်ဟာ အသက် ၃၅ နှစ်အရွယ် ရတနာကုန်သည် တစ်ဦးဖြစ်ပြီး ရထားပေါ်ကို ရတနာသေတ္တာကိုင်ကာ တက်လာပြီး အထုပ်အပိုးထားတဲ့ စင်ပေါ်ကိုတောင်  တင်ထားလိုက်ပါသေးတယ်။ 

ရဲတပ်ဖွဲ့ဟာ ဝါးတားတားဓာတ်ပုံတစ်ပုံကို CCTV ကနေ ရယူထုတ်ပြန်ထားခဲ့ပြီး ထိုသူနဲ့ စကားပြောချင်ကြောင်း ဆာဂျင် နစ်ခ်သွန်မဆင်က ဆိုပါတယ်။

F-02


  • VIA