News

POST TYPE

ALSO IN NEWS

တစ်သက်တစ်ကျွန်း ၁၁ ကြိမ် ကျနေသူ၊ နှစ်ရက် ထောင်ပြင်အလည်ထွက်ပြီး ပြန်ရောက်
13-Nov-2017
လက်ဝဲအစွန်းရောက် လူသတ်သမားတစ်ဦးဖြစ်ပြီး ဂရိမှာ ထောင်ဒဏ် နှစ်ပေါင်းများစွာ ကျနေသူ ဒီမီထရစ်စ်ကိုဖိုဒီနက်စ်ဆိုသူကို ထောင်က ခွင့်နှစ်ရက် ပေးလိုက်ပြီး အပြင်ထွက်လည်စေခဲ့တာမို့ နိုင်ငံတကာရော ပြည်တွင်းမှာပါ ဝေဖန်မှုတွေ ပြည့်နှက်နေခဲ့ပါတယ်။ ဒီမီထရစ်စ် ကိုဖိုဒီနက်စ်ဟာ နိုဝင်ဘာ ၁၇ လှုပ်ရှားမှုလို့ အမည်ရတဲ့ အစွန်းရောက် လက်ဝဲအဖွဲ့ဝင်တစ်ဦးဖြစ်ပြီး လူသတ်မှု နှစ်ဒါဇင်လောက်ကို ကျူးလွန်ထားသူ ဖြစ်ပါတယ်။ အဆိပ်သင့်လက်လို့ အမည်ပေးထားခံရသူ ဒီမီထရစ်စ်ဟာ ထောင်ကို ပြန်ရောက်ရမယ့် အချိန်ထက် မိနစ် ၉၀ စောပြီး ရောက်ရှိလာခဲ့ပါသတဲ့။ ဇနီးနဲ့သားနဲ့က ပြန်လိုက်ပို့ခဲ့ပြီး အဆိပ်သင့်လက်ဟာ လာရောက် သတင်းယူသူတွေကို လက်ပြ နှုတ်ဆက်ခဲ့ပါသတဲ့။ ထောင်ကနေ ခွင့်နှစ်ရက် ရခဲ့စဉ်မှာ မိသားစုနဲ့ ပြန်နေခဲ့ပြီး လူသတ်သမားအဖြစ် အလုပ် လုပ်ခဲ့စဉ်က ဟန်ပြစီးပွားရေးဖြစ်တဲ့ ပျားမွေးမြူရေးကို ပြန်လုပ်ဖို့ မိသားစုနဲ့ တိုင်ပင်ခဲ့တယ်လို့ သူ့ရဲ့ရှေ့နေက ပြောကြားခဲ့ပါတယ်။ အသက် ၅၉ နှစ်အရွယ် လက်ဝဲ အစွန်းရောက် သုတ်သင်ရေး သမားကြီးဟာ ထောင်ဒဏ် တစ်သက်တစ်ကျွန်း ၁၁ ကြိမ်နဲ့ ၂၅ နှစ် ထောင်ဒဏ် အသီးအသီး ကျခံထားရတာ ဖြစ်ပါတယ်။ လူသတ်မှုပေါင်း ၂၃ ခုက သူပါဝင်ခဲ့မှု ၁၁ မှုနဲ့ ပတ်သက်ပြီး ယခုလို ထောင်ဒဏ် ကျခံရတာ ဖြစ်ပါသတဲ့။ သူလုပ်ကြံခဲ့သူတွေထဲမှာ အမေရိကန် CIA များနဲ့ ဗြိတိန် ထောက်လှမ်းရေးများပင် ပါဝင်ခဲ့ပါတယ်။

F-02


  • VIA