News

POST TYPE

ALSO IN NEWS

အိုလံပစ်ရွှေတံဆိပ် အမှိုက်ပုံးထဲ တွေ့လို့ ပိုင်ရှင်ကို ပြန်ပေး
31-Aug-2016
အတ္တလန္တာ ပြည်နယ်က အသက် ၇ နှစ်အရွယ် ကလေးမလေး တစ်ယောက်ဟာ အမှိုက် တောင်းထဲကနေ အိုလံပစ် ရွှေတံဆိပ် တစ်ခု ကောက်ရခဲ့ပါတယ်။ ပိုင်ရှင်ကို အဆင့်ဆင့် စုံစမ်း ကြည့်တဲ့အခါ ရွှေတံဆိပ်ဆုရှင် အားကစားသမား တစ်ယောက် အခိုးခံထားရတာ ဖြစ်ပါတယ်။ ၁၉၉၂ ခုနှစ် ဘာစီလိုနာ အိုလံပစ် ပွဲတော်မှာ ကနူးလှေ ပြိုင်ပွဲနဲ့ ရွှေတံဆိပ်ဆု ရထားတဲ့ ဂျိုးဂျက်ကိုဘီဟာ ရွှေတံဆိပ် အခိုးခံထားရပါတယ်။ ကားထဲမှာ ထားတုန်း ကားကို သူခိုး တစ်ယောက်က ဖောက်သွားတာလို့ ဂျက်ကိုဘီက ပြောကြားပါတယ်။ သီတင်းပတ် အတန်ကြာတဲ့အခါ အသက် ခုနစ်နှစ်အရွယ် မိန်းကလေး ချလိုးစမစ်ဟာ အမှိုက်ပုံထဲမှာ ရွှေတံဆိပ်ကို တွေ့ခဲ့တာပါ။ ဖခင်ဖြစ်သူနဲ့ လမ်းလျှောက်ထွက်တုန်း အဲဒီ ရွှေတံဆိပ်ကို တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ ချလိုးစမစ် ဟာ ဆုတံဆိပ် အခိုးခံရကြောင်း လူမှုကွန်ရက် မီဒီယာပေါ် တင်ထားတဲ့ ဂျက်ကိုဘီထံ ပြန်ပေးခဲ့ပါတယ်။ အားကစားသမားကြီးဟာ ကောင်မလေးရဲ့ ကျောင်းကို သွားလည်ပြီး ကလေးမလေးရဲ့ စံပြလုပ်ရပ်ကို တခြား ကလေးတွေကို ပြောပြမယ်လို့ ဆိုခဲ့ပါတယ်။ ကောင်မလေးက ဝုဒ်ဆန်ပတ်ခ် အကယ်ဒမီမှာ ကျောင်းတက်ပြီး ဂျက်ကိုဘီဟာ သမီးငယ်လေးရဲ့ စာသင်ခန်းကို သွားရောက်ခဲ့ပါတယ်။ ပြန်တွေ့ထားတဲ့ သူ့ဘဝရဲ့ အရေးကြီးတဲ့ အိုလံပစ် ဆုတံဆိပ်ကိုလည်း ယူသွားပါတယ်။

Ref : UPI 


  • VIA