News

POST TYPE

ALSO IN NEWS

လူသတ်ဖို့အားထုတ်မှုနဲ့ ကြောင်တစ်ကောင်ကို ဂျပန်ရဲ ဖမ်းဆီးစစ်ဆေး
12-Nov-2017
အိပ်ရာထဲလဲနေတဲ့ သက်ကြီးရွယ်အို ဂျပန်အမျိုးသမီးတစ်ဦး သေလုနီးပါး တိုက်ခိုက်ခံရတာမို့ ဂျပန်ရဲက စုံစမ်းထောက်လှမ်းရာမှာ တရားခံအဖြစ် မသင်္ကာတဲ့ ကြောင်တစ်ကောင်ကို စစ်ဆေးနေပါသတဲ့။ ဂျပန်နိုင်ငံတောင်ပိုင်း တောင်ပေါ်ဒေသက အသက် ၈၂ နှစ်အရွယ် အမျိုးသမီးကြီး မာယူကို မတ်ဆုမိုတိုရဲ့ မျက်နှာမှာ သွေးချင်းချင်းရဲအောင် တိုက်ခိုက်ခံခဲ့ရတယ်လို့ သမီးဖြစ်သူက ပြောကြားပါတယ်။ မျက်နှာပေါ်မှာ ကုတ်ရာဖဲ့ရာ ပြတ်ရှဒဏ်ရာ ၂၀ လောက်ရခဲ့တဲ့ အမျိုးသမီးကြီးဟာ အိပ်ရာပေါ်မှာလဲနေပြီး စကားလည်း မပြောနိုင်သူဖြစ်ပါတယ်။ ဒဏ်ရာတွေကိုတွေ့တဲ့အခါ ရဲက လူသတ်ရန်အားထုတ်မှုနဲ့ စုံစမ်းထောက်လှမ်းခဲ့တာ ဖြစ်ပြီးတော့ နောက်ဆုံး လမ်းဘေးကြောင်တွေကို မသင်္ကာ ဖြစ်ခဲ့ပါတယ်။ သူတို့အိမ်နားက လေလွင့်ကြောင်တွေကို စုစည်းပြီးတော့ စစ်ဆေးနေပြီး အဖြစ်နိုင်ဆုံး ကြောင်တစ်ကောင်ရဲ့ လက်သည်းမှာ လူသားသွေး နမူနာရှိ မရှိ ဓာတ်ခွဲစစ်ဆေးနေပါတယ်။ တရားခံကိုတော့ အတိအကျ မထုတ်ပြန်နိုင်သေးပေမယ့် မီဒီယာတွေပေါ်မှာ ရေးသားနေချက်က မှန်ပါတယ်လို့ ရဲစခန်းက တုံ့ပြန်ထားပါတယ်။

F-02


  • VIA