News

POST TYPE

ALSO IN NEWS

မောင်းသူမဲ့ကား စတင်ပြေးဆွဲပြီး နာရီပိုင်းအတွင်း ကားတိုက်မှုဖြစ်
12-Nov-2017

အမေရိကန်ပြည်ထောင်စု လတ်စ်ဗီး ဂတ်စ်မြို့တွင် မောင်းသူမဲ့ ဘက်စ်ကား စတင်ပြေးဆွဲကြည့်ရာ စတင်ပြီး ၂ နာရီကျော်အကြာ ယာဉ်တိုက်မှုတစ်ခုမှာ ပါဝင်ပတ်သက်ခဲ့ပါတယ်။

လော်ရီကားယာဉ်မောင်းက နောက် ပြန်ဆုတ်လိုက်ရာမှာ တိုက်မိခဲ့တာဖြစ်ပြီး တစ်ယောက်မှ ထိခိုက်မှုတော့ မရှိခဲ့ပါဘူး။

လော်ရီကား လာနေမှန်းသိပြီး နောက်မှာ ကြိုပို့မောင်းသူမဲ့ယာဉ်က ရပ်တန့်လိုက်ပေမယ့် ယာဉ်ကြီးက နောက်ဆုတ်လာပြီး တိုက်မိသွားတာ ဖြစ်ပါသတဲ့။ 

မောင်းသူမဲ့ကားက လော်ရီကားရဲ့ ရှေ့ဘန်ဘာကို တိုက်မိသွားပေမယ့် ကြီးကြီးမားမား ယာဉ်ကို ထိခိုက်တာတော့ မရှိပါဘူး။

ကားတိုက်မှုဖြစ်ပြီးတာတောင် မောင်းသူမဲ့ကြိုပို့ယာဉ်ဟာ နှစ်ကြောင်း ထပ်ဆွဲလိုက်ပါသေးတယ်။

ပထမဆုံး အမေရိကန်မြေပေါ်မှာ မောင်းသူမဲ့ ယာဉ်ပြေးဆွဲခြင်း အထိမ်းအမှတ် ပြီးနောက် ပထမဆုံးခရီးစဉ်မှာပဲ ယာဉ်တိုက်မှု ဖြစ်ခဲ့တာပါ။

F-02


  • VIA