News

POST TYPE

ALSO IN NEWS

စမတ်ဖုန်းထက် ဘုရားသခင်ကို ပိုသတိရသင့်တယ်လို့ ပုပ်ရဟန်းမင်းကြီး သတိပေး
11-Nov-2017
စုပေါင်းဝတ်ပြုကိုးကွယ်ပွဲမှာ ဖုန်းတွေထုတ်ပြီး ဓာတ်ပုံရိုက်နေကြတဲ့ ဆရာတော်တွေကို ပုပ်ရဟန်းမင်းကြီးက သတိပေးခဲ့ပါတယ်။ 

စမတ်ဖုန်းများထက် ဘုရားသခင်ကို ပိုပြီး အာရုံစိုက်ထားသင့်တယ်လို့ ရဟန်းမင်းကြီးက ဆိုပါတယ်။

“ရဟန်းတွေဟာ သင်တို့ရဲ့ စိတ်နှလုံးကို မြှောက်တင်ကြပါလို့ ပြောရမှာပါ။ ဒီလိုမဟုတ်ဘဲ ဓာတ်ပုံရိုက်ဖို့ ဆဲလ်ဖုန်းတွေကို မြှင့်တင်ကြပါလို့ ဆိုရမလိုပါပဲ”လို့ ပုပ် ရဟန်းမင်းကြီးက စိန့်ပီတာရင်ပြင်မှာ ဆိုခဲ့ပါတယ်။

ဘုရားရှိခိုးနေစဉ်မှာ ဖုန်းထုတ်ပြီး ဓာတ်ပုံ ရိုက်တာဟာ အရုပ် ဆိုးလှတယ်လို့ ပုပ်ရဟန်းမင်းကြီးက ဆိုခဲ့ပါသေးတယ်။

“စုပေါင်းဝတ်ပြုပွဲ လုပ်ပြီဆိုရင် ဖုန်းတွေ ထောင်ထားကြတာကို တွေ့ရပါတယ်။ တပည့်တော်တွေတင် လုပ်ကြတာမဟုတ်ဘဲ၊ ရဟန်းတွေတောင် ပါဝင်ပါတယ်။ ဝမ်းနည်းမိတယ်”လို့ ပုပ်ရဟန်းမင်းကြီးက သတိပေးလိုက်ပါတယ်။

ဝတ်ပြုပွဲဟာ ဖျော်ဖြေပွဲ မဟုတ်တာကြောင့် ဆဲလ်ဖုန်း မထုတ်သင့်ပါကြောင်း ပြောခဲ့ရာမှာ ပရိသတ်က ရယ်မော ဩဘာပေးခဲ့ကြပါတယ်။

F-02


  • VIA