News

POST TYPE

ALSO IN NEWS

ပန်ကာသုံးလုံး တစ်ပြိုင်နက်ဖွင့်ပြီး အိပ်တဲ့ ထိုင်းက အမျိုးသား ဘာဖြစ်သွားခဲ့သလဲ
08-Nov-2017
လေအေးများ မှုတ်ထုတ်နေတဲ့ ပန်ကာသုံးလုံး တစ်ပြိုင်နက် ဖွင့်ပြီးအိပ်ခဲ့တဲ့ အသက် ၄၄ နှစ်အရွယ် ထိုင်းအမျိုးသားဟာ ကိုယ်အပူချိန် လျော့ကျမှုဝေဒနာနဲ့ ကွယ်လွန်သွားခဲ့ပါတယ်။ ညဘက်မှာ ပူလို့ဆိုပြီး ပန်ကာ သုံးလုံးဖွင့်ပြီးအိပ်ခဲ့တဲ့ သူဟာ နံနက်လင်းလာတဲ့အခါ ရုတ်တရက် အအေးပိုလာခဲ့တာကြောင့် ချိုင်ရာဖွန် မောင်းခရိုင်မှာ သေဆုံးရတာ ဖြစ်ပါတယ်။ သေဆုံးသူ မစ္စတာဆော့သာဝီးဘွန် ကူအာရဲ့ ရုပ်အလောင်းကို ရဲများနဲ့ အရေးပေါ် ကျန်းမာရေးဌာနတို့က စစ်ဆေးခဲ့ကြပါတယ်။ သေဆုံးသူဟာ မိခင်ကို ပြုစုဖို့အတွက် ဒီအိမ်ကို လာနေတာဖြစ်တယ်လို့ အစ်ကိုတော်စပ်သူ ဆာရာဝပ်ဘွန်ကူအာက ပြောကြားပါတယ်။ ရုတ်တရက် အေးလာတဲ့ ရာသီဥတုကို မခံနိုင်တာကြောင့် ခန္ဓာကိုယ် အပူချိန်ဟာ အနိမ့်ဆုံးကို ရောက်သွားခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။ ညအိပ်တဲ့အခါ အလွန်အမင်းအေးနေအောင် စီစဉ်ပြီး အိပ်စက်တဲ့ အလေ့အထဟာ ဆင်ခြင်စရာ ဖြစ်ပါတယ်။

F-02


  • VIA