News

POST TYPE

ALSO IN NEWS

ဖမ်းမိတဲ့ ငါးသိုင်းကြီး ဗြိတိန်အကြီးဆုံး စံချိန်တင်
07-Nov-2017

ပြီးခဲ့တဲ့ရက်ပိုင်းက ဗြိတိန်မှာ အလွန်ကြီးမားတဲ့ ငါးကြီးတစ်ကောင်ကို အပျော်တမ်း ငါးဖမ်းသူတစ်ဦးက ဖမ်းမိခဲ့ပြီး ဗြိတိန်စံချိန်သို့ တင်သွင်းသွားမယ်လို့ ဆိုပါတယ်။ ကိန်းဘရစ်ဂျ် ရှိုင်းယားနယ်ထဲမှာ သွားရောက် လည်ပတ်ရင်း အသက် ၄၇ နှစ်အရွယ် မစ္စတာလက်ဘရွတ်ခ်က ငါးဖမ်းခဲ့တာ ဖြစ်ပါတယ်။ ၆၈ ပေါင် ၈ အောင်စ အလေးချိန်ရှိတဲ့ အဆိုပါငါးကြီးကို ဖမ်းမိခဲ့ပြီးတော့ ဗြိတိန်မှာ စံချိန်တင်မယ့် ငါးသိုင်းကြီးလို့ သူက ဆိုပါတယ်။ ငါးကြီးကို ကပ္ပတိန်ဂျက်လို့ အမည်ပေးထားပြီးတော့ ယခင် ဗြိတိန်စံချိန် ချိုးထားဖူးတဲ့ ငါးထက် ၇ အောင်စ ပိုလေးပါသတဲ့။ ယခင်က ဗြိတိန်မှာ အလေးဆုံးလို့ စံချိန်တင်ထားတဲ့ ငါးသိုင်း မြစ်ငါးကြီးကို ကြက်တူရွေးလို့ အမည်ပေးထားပြီး သူလည်း သေဆုံးသွားခဲ့ပြီဖြစ်ပါတယ်။ ငါးကြီးကိုဖမ်းမိပြီး အလေးချိန် ချင်တွယ်ခြင်း၊ တွဲဖက် ဓာတ်ပုံရိုက်ခြင်းတို့ ပြုလုပ်အပြီးမှာ ပြန်လွှတ်ပေးခဲ့ပါသတဲ့။

F-02


  • VIA