News

POST TYPE

ALSO IN NEWS

မူးရင်မမောင်းရ၊ ပြီးတော့ မူးရင် မစီးရ
06-Nov-2017
အမေရိကန်ပြည်ထောင်စု ဖလော်ရီဒါပြည်နယ် တန်ပါဘေးဧရိယာမှာ မူးပြီးတော့ မြင်းစီးနေတဲ့ အမျိုးသမီးတစ်ဦးကို ရဲက တားမြစ် အရေးယူခဲ့ပါတယ်။ မူးနေတဲ့ အမျိုးသမီးတစ်ဦး မြင်းတစ်ကောင်နဲ့ လျှောက်သွားနေတယ်ဆိုတဲ့ တိုင်တောချက်တွေ၊ အန္တရာယ်ဖြစ်လိမ့်မယ်ဆိုတဲ့ သတိပေးချက်တွေ များစွာရရှိပြီး နောက်မှာ အဆိုပါမြင်းစီးအမျိုးသမီးကို အရေးယူဖို့ ရဲက ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ ယာဉ်သွားလူလာများတဲ့ လမ်းမကြီးပေါ်မှာ မြင်းနဲ့ အသော့နှင်နေတဲ့ အမျိုးသမီးကို ရဲအရာရှိတွေက လိုက်လံဖမ်းဆီးခဲ့ရတာ ဖြစ်ပါတယ်။ ရဲတွေဟာ အဆိုပါ အမျိုးသမီးကို အရက်သောက်သုံးထားသလားဆိုတဲ့ စစ်ဆေးတဲ့ ကိရိယာနဲ့ စစ်ခဲ့ပြီးသတ်မှတ် ပမာဏထက် ၂ ဆ သောက်ထားတာကို စစ်ဆေးတွေ့ရှိခဲ့ပါတယ်။ ပိုင်ရှင်ဖြစ်သူ အစစ်ဆေးခံ ထိန်းသိမ်းခံထားရစဉ်မှာ မြင်းကိုတော့ ရဲကားမှာ ကြိုးချည်ထားခဲ့ပြီး  မြင်းက ဘေးနားက မြက်ကလေးတွေကို စားနေခဲ့ပါသတဲ့။ ဒွန်နာဘန်းလို့ အမည်ရတဲ့ အဆိုပါ အမျိုးသမီးကို မူးယစ်မောင်းနှင်မှုနဲ့ ဖမ်းဆီးလိုက်ပြီဖြစ်ပါတယ်။ ထူးဆန်းတာက သူမောင်းနှင်တာက ကားမဟုတ်ဘဲ မြင်းဖြစ်နေတာပါပဲ။

F-02


  • VIA